အိုင်စ်တိုင်နီယမ် (အင်္ဂလိပ်: Einsteinium) သည် အသနိုက်စီးရီးတွင်ပါဝင်သော အဖွဲ့ဝင်တခုလည်းဖြစ်သည်။ အိုင်စ်တိုင်နီယမ် သည် ရေဒီယိုသတ္တိကြွသော သတ္တုဖြစ်သည်။ ၎င်းကို အောက်စီဂျင်၊ ရေနွေးငွေ့ နှင့် အက်စ်ဆစ်များဖြင့် ဖျက်စီးနိူင်သော်လည်း အယ်လ်ကာလီများဖြင့် မဖျက်စီးနိူင်ပေ။ အိုင်စ်တိုင်နီယမ် ကို အယ်လ်ဘတ် အိုင်စ်တိုင်း (Albert Einstein) အား ဂုဏ်ပြု ပေးခဲ့ကြခြင်း ဖြစ်သသည်။
အိုင်စ်တိုင်နီယမ်သည် atomic number မြင့်မားသော elements များထဲတွင် အဆင့်(၇)ရှိသည်။ (၁၉၅၂) ခုနှစ် ဒီဇင်ဘာလတွင် Berkeley တက္ကသိုလ်၊ ကယ်လ်လီဖိုးနီးယားတက္ကသိုလ်မှ Albert Ghiorso နှင့် G.R. Choppin ခေါင်းဆောင်သော အဖွဲ့တို့မှ Los Alamos မြို့၌ အတည်ပြု သတ်မှတ်ခဲ့ကြသည်။ (၁၉၅၂) ခုနှစ် နိုဝင်ဘာလတွင် နျူးကလီးယားလက်နက်မှ စမ်းသပ်မှုမှ အပျက်အစီး အစအနများကို စစ်ဆေးမှုမှ Einsteinium isotope (253Es) ကိုတွေ့ရှိခဲ့သည်။ (253Es) ၏ သက်တမ်းဝက်မှာ 20.5 days ဖြစ်သည်။
၁၉၆၁ ခုနှစ်တွင် isotope 253 ၏လုံလောက်သော ပမာဏကို (သာမန်မျက်လုံးဖြင့် မြင်နိုင်သောအရွယ်) ရရှိရန် အိုင်စ်တိုင်နီယမ်ကို ထုတ်လုပ်သည်။ ၎င်း isotope 253 သည် 0.01mg အလေးချိန်ရှိပြီး ညီမျှမှုရှိအောင် တိုင်းတာ ပြုလုပ်ထားသည်။ ၎င်းသတ္တုမှ Mendelevium(Md) သတ္တုဒြပ်စင်ကို ရရှိရန် အသုံးပြုကြသည်။ နောက်ပိုင်းတွင် အိုင်စ်တိုင်နီယမ်ကို Oak Ridge National ဓာတ်ခွဲခန်းတွင်လည်းထုတ်လုပ်ခဲ့ကြသည်။ အိုင်စ်တိုနီယမ် 3 mg အလေးချိန်ခန့် ရရှိစေရန် လေးနှစ်ကျော်ကြာ ရောင်စဉ်ဖြာထွက်စေခြင်း နည်းလမ်းကို အသုံးပြုခဲ့ကြသည်။ နောက်ပိုင်းတွင် ပလူတိုနီယမ် အိုင်ဆိုတုပ်၏ ၁ ကီလိုဂရမ် ပမာဏကို ဓာတုဆိုင်ရာ ခွဲခြာနည်းဖြင့် ရရှိခဲ့သည်။ အိုင်စ်တီင်နီယမ်၏ isotopes ၁၄ ခုသည် သတ်မှတ်ပြီးဖြစ်သည်။ ယင်းတို့၏သက်တမ်းဝက်မှာ နှစ်စက္ကန့်(အိုင်ဆိုတုပ် ၂၅၇) မှ ၄၇၁ ရက် ( ရှိသော (အိုင်ဆိုတုပ် ၂၅၂) ထိ ကြာမြင့်ကြသည်။
အချက်တိုများ ယေဘုယျ ဂုဏ်သတ္တိများ, အမည်၊ သင်္ကေတ ...
အိုင်စ်တိုင်နီယမ် 99Es |
ယေဘုယျ ဂုဏ်သတ္တိများ |
---|
အမည်၊ သင်္ကေတ | အိုင်စ်တိုင်နီယမ်, Es |
---|
အသံထွက် | eyen-STY-nee-əm |
---|
အဆင်း | silvery; glows blue in the dark |
---|
ဒြပ်စင်အလှည့်ကျဇယားရှိ အိုင်စ်တိုင်နီယမ် |
---|
|
အက်တမ် အမှတ်စဉ် (Z) | 99 |
---|
အုပ်စု၊ ဘလော့ | group n/a |
---|
ဒြပ်စင်အလှည့်ကျဇယား | period 7 |
---|
ဒြပ်စင် ကဏ္ဍ | actinide |
---|
စံ အက်တောမစ် အလေးချိန် (Ar) | (252) |
---|
အီလက်ထရွန် ပြုပြင်မှု | [Rn] 5f11 7s2 |
---|
အခွံတစ်ခုလျင် အီလက်ထရွန်ပါဝင်မှု | 2, 8, 18, 32, 29, 8, 2 |
---|
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ |
---|
ဖေ့စ် | အစိုင်အခဲ |
---|
အရည်ပျော်မှတ် | 1133 K (860 °C, 1580 °F) |
---|
အရည်ဆူမှတ် | 1269 K (996 °C, 1825 °F) (estimated) |
---|
သိပ်သည်းမှု (အခန်းအပူချိန်) | 8.84 g/cm3 |
---|
အက်တောမစ် ဂုဏ်အင်များ |
---|
အောက်ဆိုဒ်ဒေးရှင်း အခြေနေ | 2, 3, 4 |
---|
အီလက်ထရွန် ဆန့်ကျင်ဘက်ဓာတ် | Pauling scale: 1.3 |
---|
အိုင်ယွန်းပြုခြင်းစွမ်းအင် | 1st: 619 kJ/mol |
---|
Miscellanea |
---|
ပုံဆောင်ခဲ ဖွဲ့စည်းပုံ | face-centered cubic (fcc) |
---|
သံလိုက်ဓာတ် | paramagnetic |
---|
CAS Number | 7429-92-7 |
---|
သမိုင်းကြောင်း |
---|
အမည်တပ်ခြင်း | အိုင်းစတိုင်း ကို ဂုဏ်ပြုသောအားဖြင့် |
---|
ရှာဖွေတွေ့ရှိမှု | Lawrence Berkeley National Laboratory (1952) |
---|
အတည်ငြိမ်ဆုံး အိုင်စ်တိုင်နီယမ်၏ အိုင်ဆိုတုပ်များ |
---|
iso |
NA |
သက်တမ်းဝက် |
DM |
DE (MeV) |
DP |
252Es |
syn |
471.7 d |
α |
6.760 |
248Bk |
ε |
1.260 |
252Cf |
β− |
0.480 |
252Fm |
253Es |
syn |
20.47 d |
SF |
– |
– |
α |
6.739 |
249Bk |
254Es |
syn |
275.7 d |
ε |
0.654 |
254Cf |
β− |
1.090 |
254Fm |
α |
6.628 |
250Bk |
255Es |
syn |
39.8 d |
β− |
0.288 |
255Fm |
α |
6.436 |
251Bk |
SF |
– |
– |
|
ဝီကီဒေတာတွင် | | ကိုးကား |
ပိတ်ရန်