ဒြပ်စင်အလှည့်ကျဇယား
ဒြပ်စင်တို့ကိုအက်တမ်နံပါတ်အရစဉ်ထားသောဇယား / From Wikipedia, the free encyclopedia
၁၈၆၉ တွင် ရုရှားဓာတုဗေဒပညာရှင် ဒမီသရီ အီဗန်နိုဗစ် မန်းဒယ်လိယပ် (Dmitri Evanovich Mendeleev) မှ ရာစုနစ် များစွာက တွေ့ရှိခဲ့ကြသည့် ဒြပ်စင်များအား ဓာတုဂုဏ်သတ္တိများပါဝင်သော ဒြပ်စင်အလှည့်မှန်ဇယား (periodic table) တစ်ခုအဖြစ် ရေးဆွဲထုတ်ဖော် ခဲ့သည်။ periodic table သည် သဘာဝ၏ ဥပဒေသများကို လိုက်နာကိုယ်စားပြုသည်။ အက်တမ်များ၏ အက်တမ်အမှတ်စဉ်ကို စီစဉ်ပေးခြင်းအားဖြင့် တိကျသော ၎င်းတို့၏ ဂုဏ်သတ္တိများကို သိသာထင်ရှားစွာ မြင်သာ စေသည်။ ထို့ကြောင့် ဓာတုဒြပ်စင်များ၏အကြောင်းကို အလွယ်တကူ သိရှိနိုင်သည်။