ငုယင်စွမ်းဖု
ဗီယက်နမ်နိုင်ငံသမ္မတဟောင်း / From Wikipedia, the free encyclopedia
ငုယင်စွမ်းဖု[1] (အင်္ဂလိပ်: Nguyễn Xuân Phúc) သည် ဗီယက်နမ် နိုင်ငံရေးသမားဖြစ်ကာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးချုပ်၊အစိုးရအဖွဲ့ရုံးဝန်ကြီး တာဝန်များ ထမ်းဆောင်ခဲ့သည်။[2]၎င်းသမ္မတအဖြစ် စတင်ဖြစ်လာချိန်တွင် တာဝန်ထမ်းဆောင်ဆဲဝန်ကြီးချုပ်တစ်ဦးအား သမ္မတအဖြစ် ရွေးချယ်ခြင်းမှာ ဗီယက်နမ်သမိုင်းတွင် ပထမဆုံးဖြစ်သည်။[3] ၎င်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်က ၎င်း၏လက်အောက်ရှိ ဒုတိယဝန်ကြီးချုပ် (၂)ဦး၊ ဝန်ကြီး (၃)ဦးနှင့် အခြားတာဝန်ရှိသူအချို့မှာ ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်မှုကိစ္စနှင့်ပက်သက်၍ အကျင့်ပျက်ခြစားမှုများဖြင့် နုတ်ထွက်ခဲ့ကြရရာ ငုယင်စွမ်းဖုက ၎င်းအနေဖြင့် တာဝန်ရှိသည်ဟုဆိုကာ သမ္မတရာထူးမှနုတ်ထွက်ခဲ့သည်။[4]၎င်း၏နုတ်ထွက်စာကို ပါတီဗဟိုကော်မတီက လက်ခံခဲ့သဖြင့် ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၁၈)ရက်နေ့တွင် တရားဝင်အနားယူခဲ့သည်။
H.E ငုယင်စွမ်းဖု Nguyễn Xuân Phúc | |
---|---|
ဗီယက်နမ်နိုင်ငံ၏ ၁၀ယောက်မြောက်သမ္မတ | |
တာဝန်သက်တမ်း ၅ ဧပြီ ၂၀၂၁ – ၁၈ ဇန်နဝါရီ ၂၀၂၃ | |
ဝန်ကြီးချုပ် | ဖန်မင့်ချင် |
ယခင်လူ | ငုယင်ဖူးကျောက် |
ဆက်ခံသူ | Võ Thị Ánh Xuân |
ဗီယက်နမ်နိုင်ငံ၏ သတ္တမမြောက် ဝန်ကြီးချုပ် | |
တာဝန်သက်တမ်း ၇ ဧပြီ ၂၀၁၆ – ၅ ဧပြီ ၂၀၂၁ | |
ယခင်လူ | ငုယင်တန်ဒန်း |
ဆက်ခံသူ | ဖန်မင့်ချင် |
ဗီယက်နမ်နိုင်ငံ၏ ဒုတိယဝန်ကြီးချုပ် | |
တာဝန်သက်တမ်း ၂ ဩဂုတ် ၂၀၁၁ – ၇ ဧပြီ ၂၀၁၆ | |
ဝန်ကြီးချုပ် | ငုယင်တန်ဒန်း |
ယခင်လူ | ငုယင်ဆင်ဟွန်း |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | (1954-07-20) ၂၀ ဇူလိုင်၊ ၁၉၅၄ (အသက် ၆၉) |
နိုင်ငံရေးပါတီ | ဗီယက်နမ်ကွန်မြူနစ်ပါတီ (၁၉၈၂ - လက်ရှိ) |
လက်မှတ် |
နိုင်ငံတော်သမ္မတရာထူးသည် ဗီယက်နမ်နိုင်ငံ၏ အုပ်ချုပ်ရေးပိုင်းတွင် အမြင့်ဆုံးသောရာထူးများမှ တစ်ခုအပါအဝင်ဖြစ်ကာ ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးရာထူးလည်းရှိသေးသည်။ ဗီယက်နမ်နိုင်ငံသည် တစ်ပါတီစနစ်ဖြစ်သဖြင့် နိုင်ငံတော်သမ္မတသည် အုပ်ချုပ်ရေးပိုင်းတွင် ဥပဒေအရ တရားဝင်ရာထူးရယူထားသည့် ခေါင်းဆောင်ဖြစ်ကာ အထွေထွေအတွင်းရေးမှူးသည် ဥပဒေအရမဟုတ်သော ရာထူးရယူထားသည့် ခေါင်းဆောင်ဖြစ်သည်။ နိုင်ငံတော်သမ္မတ၏ အထက်တွင် ပါတီခေါင်းဆောင်ရှိသဖြင့် ငုယင်စွမ်းဖုသည် နိုင်ငံ၏ ဒုတိယအမြင့်ဆုံးခေါင်းဆောင်ဖြစ်ခဲ့သည်။သို့သော် ဥပဒေအရ နိုင်ငံတော်သမ္မတသည် နိုင်ငံတော်အကြီးအကဲဖြစ်ကာ ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့အကြီးအကဲဖြစ်သည်။
သူသည် ၁၉၇၃ခုနှစ်မှ ၁၉၇၈ခုနှစ်အထိ ဟနွိုင်းအမျိုးသားစီးပွားရေးတက္ကသိုလ်တွင် စီးပွားရေးစီမံခန့်ခွဲမှုပညာကို သင်ကြားခဲ့သည်။ထို့နောက် ဗီယက်နမ်အမျိုးသားအုပ်ချုပ်မှုစီမံခန့်ခွဲရေးအကယ်ဒမီတွင် အုပ်ချုပ်မှုစီမံခန့်ခွဲရေးပညာ သင်ယူခဲ့သည်။၁၉၇၈ခုနှစ်မှ ၁၉၇၉ခုနှစ်အထိ ကွမ်နန်း - ဒါနန်း စီးပွားရေးဘုတ်အဖွဲ့တွင် လုပ်ကိုင်ခဲ့သည်။၁၉၈၀ပြည့်နှစ်မှ ၁၉၉၃ခုနှစ်အထိ ကွမ်နန်း - ဒါနန်း ပြည်သူ့ကော်မတီတွင် လုပ်ကိုင်ခဲ့သည်။အောက်ခြေအဆင့်မှ စတင်ခဲ့ကာ နောက်ပိုင်းတွင် ဒုတိယအကြီးအကဲအထိ ဖြစ်လာခဲ့သည်။၂၀၁၁ခုနှစ်တွင် ဒုတိယဝန်ကြီးချုပ် ဖြစ်မလာမီအထိ ပြည်နယ်ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ရုံးများတွင် ညွှန်ကြားရေးမှူး တာဝန်များ ထမ်းဆောင်ခဲ့သည်။