ဗီယက်နမ်နိုင်ငံ၏ သမ္မတ
From Wikipedia, the free encyclopedia
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ နိုင်ငံတော်သမ္မတ (အင်္ဂလိပ်: President of the Socialist Republic of Vietnam၊ ဗီယက်နမ်: Chủ tịch nước Cộng hòa xã hội chủ nghĩa Việt Nam) သည် ဗီယက်နမ်နိုင်ငံ၏ နိုင်ငံတော်အကြီးအကဲဖြစ်သည်။
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ၏
သမ္မတ Chủ tịch nước Cộng hòa xã hội chủ nghĩa Việt Nam | |
---|---|
အမျိုးအစား | နိုင်ငံတော်အကြီးအကဲ |
အဖွဲ့ဝင် |
|
စံအိမ် | သမ္မတအိမ်တော် |
အဆိုပြုသူ | အမျိုးသားလွှတ်တော်အမြဲတမ်းကော်မတီ |
ခန့်အပ်သူ | အမျိုးသားလွှတ်တော် |
သက်တမ်း | ၅နှစ် |
ဖွဲ့စည်းပုံ အခြေခံဥပဒေ | ဗီယက်နမ်နိုင်ငံ၏ အခြေခံဥပဒေ |
စတင်ထမ်းဆောင်သူ | ဟိုချီမင်း |
ဖွဲ့စည်းခြင်း | ၂ စက်တင်ဘာ ၁၉၄၅; ၇၈ နှစ် အကြာက (၁၉၄၅-၀၉-02) |
လက်ထောက် | ဒုတိယသမ္မတ |
လစာ | ၁၅,၇၃၀,၀၀၀ ဗီယက်နမ်ဒေါင် [1] |
ဝက်ဘ်ဆိုဒ် | Official website (Vietnamese) |
နိုင်ငံတော်သမ္မတကို ဗီယက်နမ် အမျိုးသားလွှတ်တော်က ရွေးချယ်တင်မြှောက်သည်။ဗီယက်နမ်နိုင်ငံသည် တစ်ပါတီစနစ်ကို ကျင့်သုံးသည့်နိုင်ငံ ဖြစ်သဖြင့် နိုင်ငံတော်သမ္မတသည် နိုင်ငံရေးစနစ်တွင် ယေဘူယျအားဖြင့် အဆင့် (၂)ခေါင်းဆောင်ဖြစ်သည်။နိုင်ငံတော်သမ္မတသည် အစိုးရအဖွဲ့အကြီးအကဲဖြစ်သော နိုင်ငံတော်ဝန်ကြီးချုပ်ကို တင်သွင်းကာ လွှတ်တော်၏ သဘောတူညီချက်ဖြင့် ခန့်အပ်သည်။နိုင်ငံတော်အကြီးအကဲဖြစ်သည့်အားလျော်စွာ နိုင်ငံတော်သမ္မတသည် ပြည်တွင်းရော ပြည်ပ၌ပါ ဗီယက်နမ်နိုင်ငံတော်ကို ကိုယ်စားပြုသည်။ထို့အပြင် နိုင်ငံတော်အစိုးရအဖွဲ့အတွင်း တည်ငြိမ်မှုရှိစေရန်နှင့် နိုင်ငံ၏အကျိုးစီးပွားများတွင် ညှိနှိုင်းဆောင်ရွက်ပေးကာ နိုင်ငံ၏နယ်မြေများနှင့် အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ရသည်။
နိုင်ငံတော်သမ္မတသည် အမျိုးသားလွှတ်တော်၏ အမတ်ဖြစ်ရမည်ဖြစ်ကာ အစဉ်အလာအရ ဗီယက်နမ်ကွန်မြူနစ်ပါတီ၏ ဗဟိုကော်မတီအဖွဲ့ဝင်ဖြစ်သည်။ဗဟိုကော်မတီက သမ္မတလောင်းများကို လွှတ်တော်ကော်မတီသို့ တင်သွင်းပြီး ထို့နောက် လွှတ်တော်အမတ်အားလုံးက မဲပေးရွေးချယ်ကြသည်။သမ္မတသည် ဒုတိယသမ္မတ၊ ဝန်ကြီးချုပ်၊ ဝန်ကြီးများကို လွှတ်တော်၏သဘောတူညီမှုဖြင့် ခန့်အပ်သည်။
သမ္မတသည် ဗီယက်နမ်ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ်လည်းဖြစ်ကာ ဗဟိုတပ်မတော်ကော်မရှင်၏ အတွင်းရေးမှူးလည်းဖြစ်သည်။ထို့အပြင် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အကြီးအကဲလည်းဖြစ်သည်။သမ္မတသည် ဗီယက်နမ် ပေါလစ်ဗျူရို အဖွဲ့ဝင်ဖြစ်သည်။၂၀၁၁ခုနှစ် စက်တင်ဘာမှစတင်ကာ တရားစီရင်မှုပြုပြင်ပြောင်းလဲရေးကော်မတီ၏ အကြီးအကဲလည်း ဖြစ်လာသည်။
သမ္မတ၏သက်တမ်းသည် ငါးနှစ်ဖြစ်ကာ သက်တမ်း (၃)ကြိမ် ထမ်းဆောင်နိုင်သည်။နိုင်ငံတော်သမ္မတသည် ရာထူးတာဝန်မှ စွမ်းဆောင်ရန် မတတ်နိုင်သည့်အခါတွင် ဒုတိယသမ္မတသည် ယာယီသမ္မတအဖြစ် ဆောင်ရွက်ရမည်ဖြစ်ကာ နိုင်ငံတော်သမ္မတ ပြန်လည်တာဝန်ထမ်းဆောင်နိုင်သည့်အချိန် (သို့မဟုတ်) နိုင်ငံတော်သမ္မတအသစ် ရွေးချယ်တင်မြှောက်ပြီးသည့်အချိန်အထိ ဆောင်ရွက်ရမည်ဖြစ်သည်။ လက်ရှိသမ္မတမှာ Võ Thị Ánh Xuân ဖြစ်ကာ ၂၀၂၃ခုနှစ် ဇန်နဝါရီလမှစ၍ ယာယီတာဝန်ထမ်းဆောင်နေသည်။