ဂျာမန်အင်ပါယာ
From Wikipedia, the free encyclopedia
ဂျာမန်အင်ပါယာ (ဂျာမန်: Deutsches Kaiserreich),[မှတ်စု 1][12][13][14][15] သည် ၁၈၇၁ ခုနှစ် ဂျာမနီနိုင်ငံ ပေါင်းစည်းရေးကလမှသည် ဂျာမနီအား ဘုရင်စနစ်မှ သမ္မတနိုင်ငံအဖြစ်သို့ ပြောင်းလဲခဲ့သည့် ၁၉၁၈ ခုနှစ်အထိ တည်တံ့ခဲ့သော အင်ပါယာတခုဖြစ်သည်။
German Empire | |
---|---|
en:Coat of arms
(1889–1919) | |
The German Empire and its occupied territories in the final stage of World War I, September 1918 | |
မြို့တော် နှင့် အကြီးဆုံးမြို့ | ဘာလင်မြို့ 52°31′7″N 13°22′34″E |
ရုံးသုံး ဘာသာစကားများ | ဂျာမန် |
ကိုးကွယ်မှု | 1880 census အများစု- 62.63% en:United Protestant (Lutheran, Reformed) လူနည်းစု- 35.89% ရိုမန်ကက်သလပ် 1.24% ဂျူး 0.17% other Christian 0.07% other |
Demonym | German |
အစိုးရ | ဖက်ဒရယ် ပါလီမန် ဘုရင်ခံစနစ်[7][8][9][10]
|
ဥပဒေပြုလွှတ်တော် | en:Bicameral |
Bundesrat | |
Reichstag | |
ဧရိယာ | |
• စုစုပေါင်း | ၁,၇၅၀,၀၀၀ km2 (၆၈၀,၀၀၀ sq mi) |
လူဦးရေ | |
• ခန့်မှန်း | 70,000,000 |
ငွေကြေး | Until 1873: (1873–1914) German Papiermark (1914–1918) |
Area and population not including colonial possessions |
အင်ပါယာအား ၁၈၇၁ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် စတင်သက်ဝင်ခဲ့သည်။ ဆွစ်ဇာလန်နိုင်ငံ၊ လစ်တန်စတိန်းနိုင်ငံများကလွဲ၍ တောင်ပိုင်း ဂျာမန်ပြည်သည် မြောက်ပိုင်းဂျာမန်နှင့် ပူးပေါင်းလိုက်သောအခါ ဖွဲ့စည်းပုံဥပဒေသစ်တရပ် ဧပြီ ၁၆ ရက်တွင် ပေါ်ပေါက်လာခဲ့ကာ ဖက်ဒရယ်ပြည်နယ်များအား ဂျာမန်အင်ပါယာအဖြစ် အမည်ပြောင်းလဲစေခဲ့သည်။ ဘာလင်မြို့သည် အင်ပါယာ၏ မြို့တော်အဖြစ် ဆက်လက်တည်ရှိသည်။ ဂျာမန်အင်ပါယာတွင် ပြည်နယ်ပေါင်း ၂၅ ခု ပါဝင်ဖွဲ့စည်းထားသည်။
၁၈၅၀ ခုနှစ်ပြီးဆုံးသော် ဂျာမနီ၏ ပြည်နယ်များသည် လျင်မြန်စွာ စက်မှုခေတ်သို့ ကူးပြောင်းလာခဲ့သည်။ အထူးသဖြင့် ကျောက်မီးသွေး၊ သံ၊ ဓာတုပစ္စည်းများနှင့် မီးရထားလမ်းများ ဖြစ်ကြသည်။ ၁၈၇၁ ခုနှစ်တွင် ဂျာမနီသည် လူဦးရေ ၄၁ မီလီယံဖြစ်ပြီး ၁၉၁၃ ခုနှစ်တွင် ၆၈ မီလီယံသို့ တိုးပွားလာခဲ့သည်။ ယင်းအချိန်က ဂျာမန်စက်ရုံများသည် ပြိုင်ဘက် ဗြိတိသျှ၊ ပြင်သစ်တို့ထက် အရွယ်အစား ကြီးမားကြသည်။ ဂျာမန်အင်ပါယာသည် သဘာဝ သိပ္ပံ၊ အထူးသဖြင့် ရူပဗေဒ၊ ဓာတုဗေဒတို့၌ အောင်မြင်မှု ရရှိခဲ့သည်။ နိုဘယ်ဆုများအားလုံး၏ ၃ ပုံ ၁ ပုံတွင် ဂျာမန် တီထွင်သူများနှင့် သုတေသနပညာရှင်များက ရရှိခဲ့သည်။ အင်ပါယာ အဓွန့်ရှည်ခဲ့သော ၄၇ နှစ်ကာလအတွင်း ဂျာမန်အင်ပါယာသည် ဥရောပတွင် နည်းပညာ၊ စက်မှုနှင့် သိပ္ပံထွန်းကားသော အင်ပါယာတခု ဖြစ်ခဲ့သည်။ ၁၉၁၃ ခုနှစ်တွင် ဂျာမန်အင်ပါယာသည် ဥရောပတိုက်တွင် အကြီးမားဆုံးစီးပွားရေးနိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး စီးပွားရေးနိုင်ငံ ဖြစ်ခဲ့သည်။[16] ထို့ပြင် ဂျာမနီသည် ဥရောပတွင် အရှည်လျားဆုံးသော မီးရထားလမ်းကွန်ရက်ကို ဖောက်လုပ်နိုင်ခဲ့ပြီး ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံး စစ်တပ်၊[17] အလျင်အမြန် ကြီးပွားလာသော စက်မှုအခြေစိုက်ရာဒေသ ဖြစ်လာခဲ့သည်။[18] ၁၈၇၁ ခုနှစ်တွင် အသေးအဖွဲ့အဖြစ် စတင်ခဲ့သော ရေတပ်သည် ဆယ်စုနှစ်တခုအတွင်း ဗြိတိသျှတော်ဝင်ရေတပ်ပြီးလျင် ဒုတိယလိုက်သော ရေတပ်ဖြစ်လာခဲ့သည်။ ကိုလိုနီချဲ့သော တိုင်းပြည်ဖြစ်သည်နှင့်အညီ ဂျာမန်အင်ပါယာသည် ဗြိတိသျှအင်ပါယာကဲ့သို့သော အခြားတိုင်းပြည်များနှင့် ထိတွေ့မှုများလည်း ဖြစ်ခဲ့သည်။
၁၉၁၄ ခုနှစ် ပထမကမ္ဘာစစ်တွင် ဂျာမန်သည် ပဲရစ်မြို့ကို လျင်မြန်စွာသိမ်းပိုက်ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ အနောက်ပိုင်း စစ်မျက်နှာရှေးတန်းသည် ရှေ့မတိုးနောက်မဆုတ်သာ အခြေနေ ရောက်ခဲ့သည်။ မဟာမိတ် ရေတပ်၏ ပိတ်ဆို့မှူက ထောက်ပို့လမ်းကြောင်းကို အဟန့်အတားဖြစ်စေခဲ့သည်။ သို့သော် ဂျာမန်သည် အရှေ့ပိုင်း စစ်မျက်နှာတွင် အောင်ပွဲရရှိခဲ့သည်။ ၁၉၁၇ ခုနှစ် ဂျာမန်သည် အကန့်အသတ်မရှိသော ရေငုတ်သင်္ဘောစစ်ပွဲကို ကြေညာခဲ့ရာ အမေရိကန်ပြည်ထောင်စုအား စစ်ပွဲအတွင်းသို့ ခေါ်ဆောင်ခဲ့သည်။ ၁၉၁၈ ခုနှစ်တွင် မဟာမိတ်များဖြစ်သော အောတိုးမန်း အင်ပါယာစသည်တို့သည် ပြိုလဲခဲ့ပြီး ဂျာမန်စစ်တပ်သည် စစ်ပွဲမှ ဆုတ်ခွာခဲ့ကြရသည်။ အင်ပါယာသည် ၁၉၁၈ ခုနှစ် နိုဝင်ဘာလတွင် ပြိုကွဲခဲ့သည်။ စစ်ပွဲကို ပြီးဆုံးစေခဲ့သော ဗာဆိုင်းစာချုပ်သည် ၁၉၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၂ ဘီလီယံခန့်နှင့်ညီမျှသော စစ်လျော်ကြေးကို ပေးဆောင်စေခဲ့သည်။[19] ထို့ပြင် စစ်သားကို အယောက် ၁ သိန်းဖြင့်သာ ကန့်သတ်ဖွဲ့စည်းစေခြင်း၊ စစ်မှုထမ်းဥပဒေ၊ ရေငုတ်သင်္ဘော၊ လေယာဉ်၊ စစ်ယာဉ်နှင့် စစ်သင်္ဘော ၆ စင်းထက်မကကိုလည်း ခွင့်မပြုစေခဲ့ပေ။[20] ထို့နောက် စီးပွားရေး ကျဆင်းမှု၊ စီးပွားကပ်ဖြစ်ပေါ်မှုများသည် ဟစ်တလာနှင့် နာဇီဝါဒကို တခေတ်ဆန်းစေရန် အစပျိုးပေးစေခဲ့သည်။[21]