ပထမ ကမ္ဘာစစ်
ဥရောပ၌ဖြစ်ခဲ့သောကမ္ဘာစစ်ပွဲ (၁၉၁၄–၁၉၁၈) / From Wikipedia, the free encyclopedia
ပထမကမ္ဘာစစ်သည် ၁၉၁၄ မှ ၁၉၁၈ အတွင်းဖြစ်ပွားခဲ့သည်။ ထိုကဲ့သော ကြီးမားသော စစ်ပွဲမျိုး သမိုင်းတွင် တစ်ခါမှ မဖြစ်ဖူးသောကြောင့် မဟာစစ်ပွဲကြီး (Great war) ဟုခေါ်ဆိုခဲ့သည်။ နောက် ၂၁ နှစ် အကြာတွင် နောက်တစ်ကြိမ်ကြီးကျယ်သော စစ်ပွဲကြီးပေါ်လာသောကြောင့် ပထမ ကမ္ဘာစစ်၊ ဒုတိယ ကမ္ဘာစစ်ဟု ခွဲခြားခေါ်ဆိုခဲ့သည်။ ပထမကမ္ဘာစစ်အတွင်းတွင် စစ်သည်ပေါင်း ၉ သန်းကျော်သေဆုံးခဲ့သည်။ ထိုစစ်သည် အများစုမှာ စစ်ကြီးမဖြစ်ခင်က သာမန်အရပ်သားများသာ ဖြစ်ကြသည်။ ကျဆုံးခဲ့သော စစ်သည်များအား ဦးခေါင်းမှနေ၍ ခြေဖျားအထိဆက်လိုက်လျင် ၁၅၀၈၄ ကီလိုမီတာ၊ မိုင်အားဖြင့် ၉၃၇၅ မိုင် ရှိသည်ဟု ဆိုကြသည်။ ထိုအကွာအဝေးသည် ကမ္ဘာကြီးကို တစ်ပတ်ပတ်ပါက ထက်ဝက်နီးပါးခန့်ရှိမည်ဖြစ်သည်။
အချက်တိုများ ပထမ ကမ္ဘာစစ်, ရက်စွဲ ...
ပထမ ကမ္ဘာစစ် | |||||||
---|---|---|---|---|---|---|---|
အထက်မှလက်ယာရစ် - အနောက်စစ်မြေပြင်မှ ကတုတ်ကျင်းများ၊ ကတုတ်ကျင်းအား ကျော်လွှားနေသည့် ဗြိတိသျှတပ် တင့်ကား၊ ဒါဒန်နယ်တိုက်ပွဲအတွင်း ရေမြှုပ်ဗုံးထိ၍ ရေမြုပ်လုနီးဖြစ်နေသည့် တော်ဝင်ရေတပ် စစ်သင်္ဘော၊ အဆိပ်ငွေ့ကာ မျက်နှာဖုံးနှင့် စက်သေနပ်တပ်သား၊ ဂျာမဏီ အယ်ဘထရို တိုက်လေယာဉ် | |||||||
| |||||||
စစ်ရင်ဆိုင်သည့် နိုင်ငံများ | |||||||
အဓိက မဟာမိတ်နိုင်ငံများ ဗြိတိန် ပြင်သစ် ရုရှ အီတလီ အမေရိကန် |
ဗဟိုအင်အားကြီး နိုင်ငံများ ဩစတြီးယား-ဟန်ဂေရီ ဂျာမနီ အော်တိုမန် ဘူလ်ဂေးရီးယား | ||||||
အသေအပျောက် | |||||||
ကျဆုံး - ၅,၅၂၅,၀၀၀ ဒဏ်ရာရ - ၁၂,၈၃၁,၅၀၀ ပျောက်ဆုံး - ၄,၁၂၁,၀၀၀ |
ကျဆုံး - ၄,၃၈၆,၀၀၀ ဒဏ်ရာရ - ၈,၃၈၈,၀၀၀ ပျောက်ဆုံး - ၃,၆၂၉,၀၀၀ |
ပိတ်ရန်