ဂျာမနီနိုင်ငံ
အလယ်ဥရောပနိုင်ငံ / From Wikipedia, the free encyclopedia
ဂျာမနီနိုင်ငံသည် ဥရောပတိုက်အလယ်ပိုင်းတွင် ရှိသောနိုင်ငံတခုဖြစ်ပြီး အကျယ်အဝန်းအားဖြင့် ၃၅၇၀၂၁ စတုရန်း ကီလိုမီတာရှိသည်။ အိမ်နီးချင်းနိုင်ငံပေါင်း ကိုးနိုင်ငံရှိပြီး ၎င်းတို့မှာ ဩစတြီးယား၊ ဘယ်လ်ဂျီယမ်နိုင်ငံ၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ပြင်သစ်၊ လူဇင်ဘတ်နိုင်ငံ၊ နယ်သာလန်၊ ပိုလန် နှင့် ဆွစ်ဇာလန်နိုင်ငံ တို့ဖြစ်ကြသည်။ ပြည်နယ်ပေါင်း ၁၆ ခုဖြင့်ဖွဲ့စည်းထားသော ပြည်ထောင်စုနိုင်ငံဖြစ်၍ မြို့တော်မှာ ဘာလင် ဖြစ်သည်။ မိုးလေဝသအခြေအနေမှာ မကြာခဏပြောင်းလဲလေ့ရှိပြီး အဓိကအားဖြင့် အနောက်လေများတိုက်ခိုက်သည့် မျှတသော သမုဒ္ဒရာပိုင်း ရာသီဥတုဖြစ်သည်။
ဖက်ဒရယ်သမ္မတ ဂျာမနီနိုင်ငံတော် Federal Republic of Germany Bundesrepublik Deutschland (ဂျာမန်) | |
---|---|
ဂျာမနီနိုင်ငံ၏ တည်နေရာ (အစိမ်းရင့်) – ဥရောပတိုက်အတွင်း (အစိမ်းနု နှင့် မီးခိုးရောင်) | |
မြို့တော် နှင့် အကြီးဆုံးမြို့ | ဘာလင်[မှတ်စု 2] 52°31′N 13°23′E |
ရုံးသုံး ဘာသာစကားများ | ဂျာမန်[မှတ်စု 3] |
Demonym | ဂျာမန် |
အစိုးရ | ဖက်ဒရယ်ပါလီမန်သမ္မတနိုင်ငံ |
• သမ္မတ | ဖရန့် ဝေါ်တာ စတိုင်းမိုင်ယာ |
• အဓိပတိ | အိုလက်ဖ် ရှို့လ်စ် |
ဥပဒေပြုလွှတ်တော် | ဖက်ဒရယ်လွှတ်တော်၊ ဖက်ဒရယ်ကောင်စီ[မှတ်စု 4] |
ဧရိယာ | |
• စုစုပေါင်း | ၃၅၇,၀၂၂ km2 (၁၃၇,၈၄၇ sq mi)[4] (အဆင့်: 63rd) |
• ရေထု (%) | 1.27 (2015)[5] |
လူဦးရေ | |
• 2022 ခန့်မှန်း | 83,695,430[6] (အဆင့် - 19th) |
• သိပ်သည်းမှု | ၂၃၂/km2 (၆၀၀.၉/sq mi) (အဆင့် - 58th) |
GDP (PPP) | 2022 ခန့်မှန်း |
• စုစုပေါင်း | $5.317 ထရီလီယံ[7] (အဆင့် - 5th) |
• Per capita | $63,835[7] (အဆင့် - 18th) |
GDP (nominal) | 2022 ခန့်မှန်း |
• စုစုပေါင်း | $4.031 ထရီလီယံ[7] (အဆင့် - 4th) |
• Per capita | $48,398[7] (အဆင့် - 20th) |
Gini (2020) | 30.5[8] အလယ် |
HDI (2021) | 0.942[9] အလွန်မြင့် · 9th |
ငွေကြေး | ယူရို (€) (EUR) |
အချိန်ဇုန် | CET (UTC+1) |
• နွေရာသီ (DST) | CEST (UTC+2) |
ယာဉ်ကြောစနစ် | လက်ယာ |
တယ်လီဖုန်းကုဒ် | +49 |
Internet TLD | .de |
၁၉၄၉ ခုနှစ်မှစ၍ ဒီမိုကရက်တစ် ပါလီမန်ပြည်ထောင်စု ဒီမိုကရေစီ နိုင်ငံဖြစ်သည်။ ပြည်နယ်တစ်ခုစီတွင် ကိုယ်ပိုင်ဖွဲ့စည်းပုံ၊ပါလီမန်နှင့် အစိုးရအဖွဲ့တို့ရှိသည်။ ပြည်ထောင်စု အစိုးရက နိုင်ငံတော်၏ အမြင့်ဆုံးအာဏာကို ကိုင်တွယ်ကျင့်သုံးသည့် ဘွန်းဒတ်စ်ရတ်ခေါ် ပြည်သူ့လွှတ်တော်မှ တဆင့်ပြည်နယ်များသည် ပြည်ထောင်စုအဆင့်တွင်ကိုယ်စားပြုပြီး ပြည်ထောင်စုဥပဒေပြုအဖွဲ့တွင်ပါဝင်သည်။ ပါတီစုံစနစ် နိုင်ငံရေးဖြစ်ပြီး ပါတီတိုင်းတွင်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲမှုတွင်ပါဝင်ခွင့်ရှိသည်။
အဓိကနေထိုင်သောလူမျိုးများမှာ ဂျာမန်လူမျိုးများဖြစ်ကြသည်။ ရုံးသုံးဘာသာစကား အဖြစ်ဂျာမန်ဘာသာစကားကို အသုံးပြုသည်။ ဥရောပသမဂ္ဂ ဝင်နိုင်ငံများတွင်လည်း မကြာခဏသုံးနှုန်းပြောဆိုသော ဘာသာစကားဖြစ်သည်။ လက်ရှိလူဦးရေမှာ ၈၂.၃ သန်းနေထိုင်ပြီး တစ်စတုရန်းကီလိုမီတာတွင် ပျဉ်းမျှလူဦးရေ ၂၃၁ ဦးနေထိုင်သောကြောင့် ဥရောပနိုင်ငံများတွင် လူဦးရေ သိပ်သည်းမှုအများဆုံးနိုင်ငံလည်းဖြစ်သည်။ အမျိုးသားများ၏ ပျဉ်းမျှသက်တမ်းမှာ ၇၆ နှစ်ဖြစ်ပြီး၊ အမျိုးသမီးများမှာ ၈၁ နှစ်ဖြစ်သည်။ ခရစ်ယာန်ဘာသာဝင် ၅၃ သန်းနီးပါးရှိ၍ မွတ်စလင် ၃.၃ သန်း၊ ဗုဒ္ဓဘာသာ ဝင်၂၃၀၀၀၀၊ ဂျူးဘာသာဝင် ၁၀၀၀၀၀ နှင့် ဟိန္ဒူ ဘာသာဝင် ၉၀၀၀၀ အသီးသီးနေထိုင်ကြသည်။ လူဦးရေ၏ ၈၈% မှာမြို့ကြီးများနှင့် ယင်းတို့၏ တိုးချဲ့ဧရိယာများတွင် နေထိုင်ကြသည်။
ဂျာမနီသည် လက်ရှိ ဥရောပသမဂ္ဂတွင် စီးပွားရေးအင်အားအကြီးမားဆုံးဖြစ်ပြီး၊ ကမ္ဘာပေါ်တွင် စီးပွားရေးအရ တတိယအင်အား အကြီးမားဆုံးနိုင်ငံဖြစ်သည်။ စုစုပေါင်းပြည်တွင်း အသားတင်ထုတ်လုပ်မူ့တန်ဖိုးမှာ ၂၀၀၄ ခုနှစ်စာရင်းအရ ၂၂၁၆ ဘီလျံ ရှိသည်။ ကမ္ဘာ့ ထိပ်တန်းကုန်တင်ပို့ရောင်းချသည့် နိုင်ငံဖြစ်ပြီး ပြည်ပတင်ပို့သည့် ကုန်ပစ္စည်းတန်ဖိုးစုစုပေါင်းမှာ ၂၀၀၇ ခုနှစ်တွင်ယူရို ၉၆၉ ဘီလျံထိရှိလာခဲ့သည်။ အဓိက ကုန်သွယ်ဘက်နိုင်ငံများမှာ ပြင်သစ်၊ အမေရိကန်၊ ဗြိတိန် နှင့် အီတလီနိုင်ငံတို့ ဖြစ်ကြသည်။ အဓိကစီးပွားရေး ကဏ္ဍများမှာ မော်တော်ကားထုတ်လုပ်ခြင်း၊ စက်မှု လုပ်ငန်း၊ လျှပ်စစ်နှင့် စံညွှန်းကိုက်အင်ဂျင်နီယာလုပ်ငန်း၊ ဓာတုပစ္စည်းများ၊ ပတ်ဝန်းကျင်ဆိုင်ရာနည်းပညာ၊ မျက်မှန်ပစ္စည်းများ၊ ဆေးကုသမှုနည်းပညာ၊ ဇီဝနည်းပညာနှင့် မျိုးရိုးဗီဇသုတေသနပညာ၊ နာနိုနည်းပညာ၊ လေကြောင်းနှင့် အာကာသပညာထောက်ပံ့ရေးလုပ်ငန်းများ စသည်တို့ဖြစ်ကြသည်။