အာဏာရှင်
တိုင်းပြည်အာဏာကိုချုပ်ကိုင်ခြယ်လှယ်နိုင်သူ / From Wikipedia, the free encyclopedia
အာဏာရှင် (အင်္ဂလိပ်: Dictator) ဟူသည် နိုင်ငံတော်၏ အာဏာရပ်အားလုံးကို ချုပ်ကိုင်ထားသော ခေါင်းဆောင်ဖြစ်သည်။ အာဏာရှင်စနစ်တွင် နိုင်ငံကို အာဏာရှင်တစ်ဦးတည်းကသော်လည်းကောင်း အဖွဲ့အသေးတစ်ဖွဲ့ဖြင့်သော်လည်းကောင်း အုပ်ချုပ်သည်။[1] ဤဝေါဟာရကို ရောမခေတ်ကာလ နိုင်ငံတော်အရေးပေါ်အခြေအနေတွင် အုပ်ချုပ်ရသည့်သူအားခေါ်ဆိုရန် စတင်သုံးနှုန်းခဲ့သည်။[2]
"Dictator" ဟူသောစကားလုံးအစား "tyrant" နှင့် "autocrat" တို့ကိုလည်းသုံးနှုန်းနိုင်သည်။ ယခုအခါတွင် "အာဏာရှင်" အခေါ်အဝေါ်ကို အလွန်များသည့်အာဏာကိုပိုင်ဆိုင်သည့်သူကို ရည်ညွှန်းရာ၌သုံးနှုန်းကြသည်။ အာဏာရှင်စနစ်၏ လက္ခဏာရပ်များမှာ အောက်ပါအတိုင်းဖြစ်ကြသည်။[3][4]
- ရွေးကောက်ပွဲဖျက်သိမ်းခြင်း
- နိုင်ငံတော် အရေးပေါ်အခြေအနေကြေညာခြင်း
- နိုင်ငံရေးပြိုင်ဖက်များအားဖိနှိပ်ခြင်း
- ဥပဒေကိုမလိုက်နာခြင်း
- ပုဂ္ဂိုလ်ရေးကိုးကွယ်မှု (cult of personality)