ဟားဗတ် တက္ကသိုလ်
ဟားဗတ္တကၠသိုလ္ / From Wikipedia, the free encyclopedia
ဟားဗတ် တက္ကသိုလ်သည် အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ် ကိန်းဘရစ်ချ်မြို့တွင် တည်ရှိသော ပုဂ္ဂလိကတက္ကသိုလ် တစ်ခုဖြစ်သည်။ ၁၆၃၆ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ဟားဗတ်သည် အမေရိကန်ပြည်ထောင်စုတွင် ရှေးအကျဆုံးသော အဆင့်မြင့် ပညာရေးနှင့် သက်ဆိုင်သော ကျောင်းတစ်ကျောင်း ဖြစ်သည်။ ဟားဗတ်၏ သမိုင်းကြောင်း၊ ဩဇာလွှမ်းမိုးမှုနှင့် ကြွယ်ဝချမ်းသာမှု တို့ကြောင့် ဟားဗတ်သည် ကမ္ဘာပေါ်တွင် အထင်ရှား အကျော်ကြားဆုံးသော တက္ကသိုလ်များတွင် တစ်ခု အပါအဝင် ဖြစ်လျက် ရှိလေသည်။
အချက်တိုများ ဆောင်ပုဒ်, အင်္ဂလိပ်ဘာသာ ဆောင်ပုဒ် ...
ဟားဗတ် တက္ကသိုလ်၏ အထိမ်းအမှတ်တံဆိပ် | |
ဆောင်ပုဒ် | Veritas |
---|---|
အင်္ဂလိပ်ဘာသာ ဆောင်ပုဒ် | Truth |
အမျိုးအစား | ပုဂ္ဂလိက |
တည်ထောင် | ၁၆၃၆ |
ပံ့ပိုးမှု | ဒေါ်လာ ၃၆.၄ ဘီလီယံ[1] |
ဥက္ကဋ္ဌ | Drew Gilpin Faust |
သင်တန်းသား | ၂၂၀၀၀ |
ဘွဲ့ကြိုဦးရေ | ၆၇၀၀ [2] |
တည်နေရာ | ကိန်းဘရစ်ချ်မြို့, မက်ဆာချူးဆက်ပြည်နယ်, အမေရိကန် |
ပရဝုဏ် | မြို့တွင်း ၂၁၀ ဧက (၈၅ ha) |
Newspaper | The Harvard Crimson |
အထိမ်းအမှတ် အရောင် | Crimson[3] |
Athletics | NCAA Division I – Ivy League |
အားကစားအသင်း အမည်ပြောင် | Harvard Crimson |
နှီးနွယ်အဖွဲ့အစည်းများ |
|
အားကစား | 42 varsity teams |
ဝဘ်ဆိုဒ် | Harvard.edu |
ပိတ်ရန်
ဟားဗတ်ကို ၎င်း၏ ပထမဆုံး ပံ့ပိုးသူ ဂျွန်ဟားဗတ် ၏ အမည်ကို ယူ၍ မှည့်ခေါ်ခဲ့ခြင်း ဖြစ်သည်။