လုံးချင်းဝတ္ထုတို
From Wikipedia, the free encyclopedia
လုံးချင်းဝတ္ထုတို (အင်္ဂလိပ်: novella) သည် အများအားဖြင့် ပုံမှန် လုံးချင်းဝတ္ထုရှည် တစ်ပုဒ် ထက်ပို၍ တိုတောင်းကာ အကြောင်းအရာကို စကားပြေဖြင့် ရေးဖွဲ့ထားသည်။ ဝတ္ထုတိုထက်လည်း ပိုမိုရှည်လျားကြသည်။[1] နိုင်ငံတကာ၌ "လုံချင်းဝတ္ထုတို" ("novella") (သို့) လုံးချင်းဝတ္ထုရှည် ("novel") အဖြစ် သတ်မှတ်စဉ်းစားရန်အတွက် စာမျက်နှာ (သို့) စကားလုံးအရေအတွက်အား တရားဝင် အဓိပ္ပာယ်ဖွင့်ဆိုမှု မရှိသေးပေ။[2] အမေရိက အခြေစိုက် "သိပ္ပံနှင့် စိတ်ကူးယဉ်စာပေရေးသူ အမေရိကစာရေးဆရာများ" က ဤဝတ္ထုအမျိုးအစားကို စကားလုံး ၁၇,၅၀၀ နှင့် ၄၀,၀၀၀ ကြားရှိရမည်ဟု ဖွင့်ဆိုထားသည်။[3][4]
အင်္ဂလိပ်စကားလုံး "novella" သည် အီတလီစကားလုံး "novella" မှဖြစ်၍ novello၏ ဣတ္ထိလိင်ပုဒ်ဖြစ်ကာ သစ်သော၊ ဆန်းသော ဟူ၍ အနက်ရ၏ ။ ယင်းအီတလီဝေါဟာရသည်လည်း လက်တင်စကားလုံး novellus မှလာခြင်းဖြစ်သည်။[5] လုံးချင်းဝတ္ထုတိုသည် ဥရောပဘာသာစကားအချို့၏ စာပေအမျိုးအစားတစ်ခုလည်းဖြစ်သည်။