မန်ချူးကိုးနိုင်ငံ
From Wikipedia, the free encyclopedia
မန်ချူးကိုးနိုင်ငံ (အင်္ဂလိပ်: Manchukuo)၊ တရားဝင်အားဖြင့် ၁၉၃၄ ခုနှစ်အထိ မန်ချူးရီးယားနိုင်ငံတော်၊ ၁၉၄၅ ခုနှစ်အထိ (မဟာ)မန်ချူးရီးယား ဧကရာဇ်နိုင်ငံတော်သည် မန်ချူးရီးယားဒေသအခြေစိုက် ဂျပန်အင်ပါယာ၏ ရုပ်သေးနိုင်ငံတစ်နိုင်ငံအဖြစ် ၁၉၃၂ မှ ၁၉၄၅ ခုနှစ်များအတွင်း တည်ရှိခဲ့သည်။ ဂျပန်တို့က မန်ချူးရီးယားကို ကျူးကျော်သိမ်းပိုက်ပြီးနောက် ၁၉၃၂ တွင် သမ္မတနိုင်ငံအဖြစ် တည်ထောင်ခဲ့ပြီး ၁၉၃၄ ခုနှစ်တွင် စည်းမျဉ်းခံဘုရင်စနစ်သို့ ပြောင်းလဲခဲ့သည်။ နိုင်ငံတကာအသိအမှတ်ပြုမှု နည်းပါးသောနိုင်ငံလည်းဖြစ်သည်။
မန်ချူးရီးယားနိုင်ငံတော် State of Manchuria (၁၉၃၂–၁၉၃၄) 滿洲國 (မဟာ)မန်ချူးရီးယား ဧကရာဇ်နိုင်ငံတော် Empire of (Great) Manchuria (၁၉၃၄–၁၉၄၅) (大)滿洲帝國 | |
---|---|
ဆောင်ပုဒ်: လူမျိုးငါးစုနှင့်ပြည်ထောင်စု | |
နိုင်ငံတော် သီချင်း: မန်ချူးကိုးနိုင်ငံ၏ နိုင်ငံတော်သီချင်း (၁၉၃၃–၁၉၄၂ မူ) (၁၉၄၂–၁၉၄၅ မူ) | |
လက်ရှိအခြေအနေ | ဂျပန်အင်ပါယာ၏ ရုပ်သေးတိုင်းပြည် |
မြို့တော် | ရှင်ကျင်း (၉ ဩဂုတ် ၁၉၄၅ အထိ) တုန်းဟွာ |
အကြီးဆုံးမြို့ | ဟာရ်ပင်း |
ရုံးသုံး ဘာသာစကားများ | ဂျပန်ဘာသာစကား မန်ချူးရီးယန်း[မှတ်စု 1] |
အသိအမှတ်ပြု နိုင်ငံတော် ဘာသာစကားများ |
|
Demonym | မန်ချူး |
အစိုးရ | အကြွင်းမဲ့ စစ်အာဏာရှင်စနစ်လက်အောက်ခံ တစ်ပါတီ စည်းမျဉ်းခံဘုရင်စနစ် |
• အမှုဆောင်ချုပ် | ပုရီ (၁၉၃၂–၁၉၃၄) |
• ဧကရာဇ် | ပုရီ (၁၉၃၄–၁၉၄၅) |
• ဝန်ကြီးချုပ် |
|
ဥပဒေပြုလွှတ်တော် | ဥပဒေပြုကောင်စီ |
ဖြစ်ရပ်များ | |
• ဂျပန်နိုင်ငံမှကျူးကျော်ခြင်း | ၁၈ စက်တင်ဘာ ၁၉၃၁ |
• အရှေ့မြောက်မဟာအုပ်ချုပ်ရေးကောင်စီကြီး | ၁၆ ဖေဖော်ဝါရီ ၁၉၃၂ |
• တည်ထောင် | ၁ မတ် ၁၉၃၂ |
• ရေးဟေပြည်နယ် သိမ်းပိုက်ခြင်း | ၄ မတ် ၁၉၃၃ |
• ဧကရာဇ်နိုင်ငံအဖြစ်ကြေညာ | ၁ မတ် ၁၉၃၄ |
• GEACPS အဖွဲ့ဝင်ဖြစ်လာ | ၃၀ နိုဝင်ဘာ ၁၉၄၀ |
• ဆိုဗီယက်နိုင်ငံမှကျူးကျော်ခြင်း | ၉ ဩဂုတ် ၁၉၄၅ |
• ပြိုကွဲခြင်း | ၁၅ ဩဂုတ် ၁၉၄၅ |
ငွေကြေး | တရုတ်ရွှေယူနစ် မန်ချူးကိုး ယွမ်ငွေ |
နိုင်ငံ၏ဧရိယာသည် ချင်းမင်းဆက်၏ ဧကရာဇ်များအပါအဝင် မန်ချူးလူမျိုးတို့၏ ဌာနေမြေဖြစ်သည်။ ၁၉၃၁ တွင် ဂျပန်တို့သည် မုခ်ဒန်းဖြစ်ရပ်အပြီးတွင် ထိုဒေသကိုသိမ်းပိုက်ခဲ့သည်။ တစ်နှစ်အကြာတွင် ဂျပန်အလိုတော်ရိ အစိုးရတစ်ရပ်ကိုဖွဲ့စည်းခဲ့ပြီး နောက်ဆုံးချင်းဧကရာဇ်ပုရီအား အမည်ခံခေါင်းဆောင်နှင့် နောက်ပိုင်းတွင်ဧကရာဇ်အဖြစ် ခန့်အပ်ခဲ့သည်။[2] ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးချိန်တွင် မန်ချူးကိုးအစိုးရသည် ၁၉၄၅ ခုနှစ်တွင် ပျက်ပြားခဲ့သည်။ မန်ချူးကိုးပိုင်နယ်မြေများကို ၁၉၄၅ ခုနှစ် ဩဂုတ်လတွင် ဆိုဗီယက်တို့က ကျူးကျော်သိမ်းပိုက်ခဲ့ပြီး တရုတ်နိုင်ငံထံပြန်လည်ပေးအပ်ခဲ့သည်။[3]
မန်ချူးနိုင်ငံဟုဆိုသော်လည်း မန်ချူးတို့သည် လူနည်းစုမျှသာဖြစ်ခဲ့ရပြီး အများစုမှာဟန်တရုတ်လူမျိုးများသာဖြစ်သည်။