ဗီယင်ကျန်းမြို့
လာအိုနိုင်ငံ၏ မြို့တော် / From Wikipedia, the free encyclopedia
ဗီယင်ကျန်းမြို့ (အင်္ဂလိပ်: Vientiane; /vjɛnˈtjɑːn/; ပြင်သစ်အသံထွက်: [vjɛ̃ˈtjan]; လာအို: ວຽງຈັນ, Viang chan, IPA: [ʋíəŋ tɕàn]; ထိုင်း: เวียงจันทน์, Wiang Chan, IPA: [wiəŋ tɕan]; ခမာ: វៀងច័ន្ទ, Vieng Chan, ကိုရီးယား: 비엔티안, Bientian,)သည် လာအိုနိုင်ငံ၏ မြို့တော်နှင့် အကြီးဆုံးမြို့ကြီးဖြစ်သည်။ ထိုင်းနိုင်ငံနယ်စပ်အနီး မဲခေါင်မြစ်ကမ်းပါးတွင် တည်ရှိသည်။ မြန်မာကျူးကျော်မှု ဘေးအန္တရာယ်ကြောင့် ၁၅၆၃ ခုနှစ်တွင် ဗီယင်ကျန်းမြို့မှာ မြို့တော်ဖြစ်လာခဲ့သည်။[2] ဗီယင်ကျန်းမြို့မှာ ပြင်သစ်များအုပ်ချုပ်ခဲ့စဉ်က အုပ်ချုပ်ရေးမြို့တော်ဖြစ်ခဲ့ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကြောင့် ယခုအခါ လာအိုနိုင်ငံ၏ စီးပွားရေးအချက်အချာ နေရာတစ်ခုဖြစ်သည်။
ဗီယင်ကျန်းမြို့ ວຽງຈັນ | |
---|---|
မြို့တော် | |
Thannon Lanxing ဧရိယာရှိ အောင်ပွဲခံဂိတ် Thannon Lanxing ဧရိယာရှိ အောင်ပွဲခံဂိတ် | |
ကိုဩဒိနိတ်: 17°58′N 102°36′E | |
နိုင်ငံ | လာအို |
အုပ်ချုပ်ရေး အပိုင်းအခြား | ဗီယင်ကျန်း စီရင်စုနယ် |
အခြေချခြင်း | ၉ ရာစု[1] |
ဧရိယာ | |
• စုစုပေါင်း | ၃၉၂၀ စတုရန်းကီလိုမီတာ (၁၅၁၀ စတုရန်းမိုင်) |
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၁၇၄ မီတာ (၅၇၀ ပေ) |
လူဦးရေ (၂၀၁၃ ခန့်မှန်း) | |
• စုစုပေါင်း | ၇၈၃၀၀၀ |
• သိပ်သည်းမှု | ၂၀၀/km၂ (၅၂၀/sq mi) |
ဗီယင်ကျန်းမြို့ရှိ ခန့်မှန်းလူဦးရေစာရင်းမှာ ၇၆၀,၀၀၀ (၂၀၁၅) ဖြစ်သည်။ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ နှစ် ၅၀ မြောက်အဖြစ် ၂၅ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလက ဗီယင်ကျန်းမြို့တွင် ကျင်းပခဲ့သည်။