ပိန်ညင်းငှက်
From Wikipedia, the free encyclopedia
ပိန်ညင်းငှက် (Kingfisher) သည် ခန္ဓာကိုယ် အရွယ်အစားသေးငယ်သော မျိုးနွယ်စုတစ်ခုဖြစ်ပြီး အရောင်အသွေးစုံနှင့် တောက်ပသည့် ငှက်မျိုးစုတစ်ခု ဖြစ်သည်။ "ကောင်းကင်က ရွှေပိန်ညင်း၊ မိုးခေါ်လို့ဆင်း" ဟု မြန်မာ့အခြေခံပညာမူလတန်းကျောင်းတွင် သင်ကြားရသည့် ကဗျာမှ ရွှေပိန်ညင်းသည် မိုးခေါ်တတ်သည်ဟု မြန်မာလူမျိုးတို့က အမှတ်ပြုကြလေသည်။ ၎င်းငှက်မျိုးနွယ်စုကို ကမ္ဘာတစ်ဝန်းနေရာ ဒေသအချို့တွင် တွေ့ရှိရသော်လည်း ဥရောပ၊ အာရှနှင့် အရှေ့တောင် အာရှဒေသတို့တွင် အဓိက တွေ့ရှိရသည်။ ပိန်ညင်းငှက်သည် မိသားစု အသိုက်အဝန်းငယ် တစ်ခုဖြင့် သီးခြား နေလေ့ရှိပြီး အဓိကအားဖြင့် မြစ်ချောင်းဒေသများတွင် ပျော်မွေ့သည့် ပိန်ညင်းငှက် (River Kingfisher)၊ သစ်တောသစ်ပင် ပေါက်ရောက်ရာ ဒေသများတွင် ပျော်မွေ့သည့် ပိန်ညင်းငှက် (Tree Kingfisher) နှင့် ရေအိုင်၊ ကမ်းစပ်ဒေသများတွင် ပျော်မွေ့သည့် ပိန်ညင်းငှက် (Tree Kingfisher) ဟူ၍ ခွဲခြားတွေ့ရှိရသည်။ ပိန်ညင်းငှက်သည် အကြမ်းဖျင်းအားဖြင့် မျိုးနွယ်စိတ် ၉၀ ခန့် ရှိသော်လည်း အများစုမှာ မျိုးသုဉ်းပျောက်ကွယ်ပြီး ဖြစ်ပေသည်။ ပိန်ညင်းငှက်သည် ကြီးမားသော ဦးခေါင်း၊ ရှည်လျားသော ခန္ဓာကိုယ်၊ ချွန်ထက်သည့် နှုတ်သီး၊ တိုတောင်းသည့် ခြေထောက်များနှင့် ကြမ်းတမ်းစူးရှသော အမြီးတို့ဖြင့် ဖွဲ့စည်းတည်ရှိသည်။
ပိန်ညင်းငှက် (Kingfisher) | |
---|---|
Azure kingfisher (Ceyx azureus) | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Aves |
မျိုးစဉ်: | Coraciiformes |
မျိုးစဉ်သေး: | Alcedines |
မျိုးရင်း: | Alcedinidae Rafinesque, 1815 |
မျိုးရင်းခွဲများ | |
| |
Global distribution of the kingfishers |