နယူးဒေလီမြို့
From Wikipedia, the free encyclopedia
နယူးဒေလီမြို့ (အင်္ဂလိပ်: New Delhi; /ˌnjuː ˈdɛli/ ( နားဆင်))သည် အိန္ဒိယနိုင်ငံ၏ မြို့တော်ဖြစ်သည်။ ၎င်းတွင် အလွန်ရှေးကျသော သမိုင်းဟောင်းများရှိသည်။ ၎င်းသည် အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် တည်ရှိပြီး ဧရိယာအကျယ်အဝန်းမှာ ၄၂.၇ စတုရန်းကီလိုမီတာ ခန့်ရှိသည်။ ထို့ပြင် လူဦးရေ ထူထပ်မှုမှာ ၉.၄ သန်းခန့်ရှိသည်။ ၎င်အား အိန္ဒိယ ဗဟိုအုပ်ချုပ်ရေးဌာနနှင့် ဒေလီ၏ပြည်ထောင်စုနယ်မြေအစိုးရဌာနအဖြစ် အသုံးပြုပြီး ပြည်ထောင်စုနယ်မြေ ၉ ခုအနက် တစ်ခုလည်းဖြစ်သည်။ နယူးဒေလီမြို့သည် ဒေလီမြို့မ၏ အတွင်းတွင် တည်ရှိ၍ နိုင်ငံခြားသံရုံး ၁၃၄ ရုံးခန့် ရှိသည်။
နယူးဒေလီမြို့ नई दिल्ली ਨਵੀਂ ਦਿੱਲੀ نئی دہلی | |
---|---|
မြို့ | |
Clockwise from top left: Secretariat Building, Connaught Place, Jantar Mantar, Rashtrapati Bhavan, India Gate | |
ကိုဩဒိနိတ်: 28°36′50″N 77°12′32″E | |
နိုင်ငံ | အိန္ဒိယ |
ပြည်နယ်/နယ်ပယ်ဒေသ | ဒေလီ |
စတင်ထူထောင် | ၁၉၁၁ |
Inaugurated | ၁၉၃၁ |
အစိုးရ | |
• Lieutenant Governor | Najeeb Jung |
• Chief Minister | Arvind Kejriwal (AAP) |
ဧရိယာ[1] | |
• မြို့ | ၄၂.၇ စတုရန်းကီလိုမီတာ (၁၆.၅ စတုရန်းမိုင်) |
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၂၁၆ မီတာ (၇၀၉ ပေ) |
လူဦးရေ (၂၀၁၁)[2] | |
• မြို့ | ၂၄၉,၉၉၈ |
• သိပ်သည်းမှု | ၅၉၀၀/km၂ (၁၅၀၀၀/sq mi) |
• မြို့ပြကြီး | ၂၁၇၅၃၄၈၆ |
အချိန်ဇုန် | IST (UTC+5:30) |
စာပို့သင်္ကေတ | ၁၁၀xxx |
ဧရိယာကုဒ်(များ) | +၉၁-၁၁ |
ယာဉ်မှတ်ပုံတင် | DL-1x-x-xxxx to DL-13x-x-xxxx |
ရုံးသုံးဘာသာစကားများ | ဟင်ဒီ၊ အင်္ဂလိပ် |
ဝက်ဘ်ဆိုဒ် | ndmc.gov.in |
နယူးဒေလီမြို့ နေရာဒေသသည် ဘုရားရှင်လက်ထက်တော်မတိုင်မီကတည်းက ကုရုတိုင်း၊ ကမ္မာသဒမ္မနိဂုံး အမည်တွင်ခဲ့သည်။ အလောင်းတော် မဟာသုတမင်းဘဝက လူသားစား ပေါရိသာဒကို ဆုံးမရာ နေရာဒေသလည်းဖြစ်သည်။ ဘုရားရှင် လက်ထက်တော်က သတိပဋ္ဌာန်တရားကို ဤနယ်မြေရှိ ပုဂ္ဂိုလ်အသီးသီးသည် ထင်းခွေရေခပ်ရင်းနှင့်ပင် လက်တွေ့ ကျင့်သုံးခဲ့ကြသော ဓမ္မနယ်မြေကြီးဖြစ်ပြီး အရိယာပုဂ္ဂိုလ်အမြောက်အမြား ပေါ်ထွက်ခဲ့ကြသည်။ မာဂဏ္ဍီယသုတ်၊ မဟာနိဒါနသုတ် အစရှိသော လေးနက်သည့် သုတ္တန်ဒေသနာတော်များကို ဟောကြားခဲ့ရာ နေရာဒေသလည်းဖြစ်သည်။ မဟာသတိပဋ္ဌာနသုတ်ကို ဟောတော်မူရာ တောင်ကုန်းမှာ နယူးဒေလီ မြို့လယ်ခေါင်တွင် ဥယျာဉ်တစ်ခုအဖြစ်ဖြင့် တည်ရှိနေပြီးအလယ်တွင် ကျောက်ဆောင် ကျောက်တုံးကြီးများ ရှိသည်။ အသောကမင်းကြီး လက်ထက်ကတည်းက အသိအမှတ်ပြုခဲ့သော နေရာဖြစ်ကြောင်း ဆိုင်းဘုတ်ရေးထိုးထားသည်။[3]