အချိန်ဇုန်
ဥပဒေရေးရာ၊စီးပွားရေးနှင့်လူမှုရေးရာဆိုင်ရာရည်ရွယ်ချက်များအတွက်ပုံမှန်စံသတ်မှတ်ထားသောက / From Wikipedia, the free encyclopedia
အချိန်ဇုန်ဆိုသည်မှာ စီးပွားကူးသန်းရောင်းဝယ်မှု၊ လူ့ဘောင်အသိုင်းအဝန်းအကြောင်းပြချက်များအတွက် တသမတ်တည်းဖြစ်သော စံတော်ချိန်ကို တရားဝင် သတ်မှတ်ထားသောဒေသ ဖြစ်သည်။ အချိန်ဇုန်သည် နိုင်ငံနယ်နိမိတ်မျဉ်းများနှင့် ၎င်းတို့၏ နယ်မြေခွဲများအတိုင်း ရှိလေ့ရှိသည်။ ထိုသို့သတ်မှတ်ထားခြင်းဖြင့် ထိုဧရိယာအတွင်း ကုန်သွယ်မှုလုပ်ငန်းများဖြစ်စေ၊ ဆက်သွယ်ရေးလုပ်ငန်းများတွင်ဖြစ်စေ အချိန်တစ်ခုတည်း အဆင်ပြေစွာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။
ကမ္ဘာပေါ်ရှိ နိုင်ငံများ၏ အချိန်ဇုန်အများစုသည် Coordinated Universal Time (UTC)မှ ကိန်းပြည့်နာရီများဖြစ်သော (UTC−12 to UTC+14)တို့ကို အသုံးပြုကြပြီး အချို့သော နိုင်ငံအချို့သာ ၃၀ နှင့် ၄၅ မိနစ်များကို အသုံးပြုကြသည်။ (ဥပမာအားဖြင့် နယူးဖောင်လန်း စံတော်ချိန် - UTC−03:30၊ နီပေါ စံတော်ချိန် - UTC+05:45၊ မြန်မာစံတော်ချိန် - UTC +06:30၊ အိန္ဒိယ စံတော်ချိန် - UTC+05:30) လတ္တီကျူမြှင့်သော နိုင်ငံများတွင် နွေရာသီတွင် အချိန်တစ်နာရီ ရှေ့သို့တိုးသော နွေရာသီချိန်ကို နှစ်တစ်နှစ်အပိုင်းအခြားအဖြစ် အသုံးပြုကြသည်။