စကြဝဠာဗေဒ
From Wikipedia, the free encyclopedia
စကြဝဠာဗေဒဟု ဘာသာပြန်ချွတ်ချော်လွယ်သော လောကလုံးဗေဒ (အင်္ဂလိပ်: Cosmology) ဆိုသည်မှာ လောကကြီး(Universe) ၏ လက်ရှိအကြောင်းအရာ၊ သမိုင်းအကြောင်းအရာတို့ကို ခြုံငုံ၍၊ လောက၏ ဖြစ်တန်လောက်သော လက်လှမ်းမီနိုင်သမျှ လောကအဝန်းအဝိုင်းကို လောကတခုလုံးစာသဖွယ် ခြုံငုံလေ့လာသော ပညာရပ်တမျိုးမျိုးကို ဆိုလိုသည်။ ထို့ကြောင့် လောကလုံးဗေဒ (Cosmologpy) အမျိုးမျိုး ရှိနိုင်ပြီး၊ အကြမ်းအားဖြင့် -
- လက်တွေ့ ထောက်လှမ်းမှု၊ သင်္ချာနည်းကျ တွက်ချက်မှုတို့ဖြင့် ဆက်စပ်လေ့လာကြသည့် အမျိုးအစားနှင့်
- စိတ်မှန်းတွေးဆမှု အဓိက အားပြု၍ တွေးခေါ်ကြသည့် အမျိုးအစား ဟု ၂ခြမ်းလည်း ခွဲနိုင်သေးသည်။
ပထမတစ်မျိုး ထောက်လှမ်းတွက်ချက်မှုများတွင် ရူပဗေဒ၊ သို့မဟုတ် သူ့ထဲမှ နက္ခတ္တရူပဗေဒ စသည်ဖြင့် လိုသည့်နည်းစနည်များ သုံးကာ ဂြိုဟ်များ၊ ကြယ်များ၊ ကြယ်စုများကို လေ့လာကြသည်။ အခြားသော စိတ်ဖွင့်တွေးခေါ်မှု သတ်သတ်များတွင်မူ စိုင်းယန့်စ် (သင်္ချာတွက် + ထောက်လှမ်းတိုင်းတာ) နည်းကျ အချက်အအလက်များနှင့် စိုင်းယန့်စ် ကျမထားသော အချက်အလက်များလည်း ရောနှောအသုံးပြုကြသည်။[2]