ကလာပ်စည်း
From Wikipedia, the free encyclopedia
ကလာပ်စည်း (ဆဲလ် Cell) ဆိုသည်မှာ သက်ရှိများ ဖွဲ့စည်းရာတွင် အခြေခံအကျဆုံးနှင့် အသေးဆုံး ယူနစ်တစ်ခုဖြစ်သည်။ [1] ဗက်တီးရီးယားကဲ့သို့သော သက်ရှိများသည် ကလာပ်စည်း တစ်ခုတည်းသာရှိသည့် သက်ရှိများ ဖြစ်ကြပြီး လူသားကဲ့သို့သော အခြား သက်ရှိများမှာ ဗဟုကလာပ်စည်း သက်ရှိများ ဖြစ်ကြသည်။ (လူသားများတွင် သာမန်အားဖြင့် ကလာပ်စည်းပေါင်း ၁၀၀ ထရီလီယံ သို့ ၁၀၁၄ ခန့်ပါရှိသည်။ ပုံမှန် ကလာပ်စည်း တစ်ခု၏ အရွယ်အစားမှာ ၁၀ µm ရှိပြီး ၁ ng ခန့် လေးသည်။) အကြီးဆုံး ကလာပ်စည်းမှာ မဖောက်ရသေးသည့် ငှက်ကုလားအုတ်ဥ ဖြစ်သည်။ [2]
နောက်ဆုံး ဆဲလ်သီအိုရီ မပေါ်ပေါက် သေးမှီကာလ ၁၈၃၅ ခုနှစ်တွင် ချက်ပညာရှင် Jan Evangelista Purkyně က အဏုကြည့်မှန်ပြောင်းဖြင့် အပင်တစ်ရှူးများအား ကြည့်ရှုရာတွင် အဆံသေးလေးများကို တွေ့ရှိခဲ့သည်။ ၁၈၃၉ ခုနှစ်တွင် ဆဲလ်သီအိုရီကို သိပ္ပံပညာရှင် Matthias Jakob Schleiden နှင့် Theodor Schwann တို့က ထုတ်ပြန်ခဲ့သည်။ ယင်းသီအိုရီတွင် သက်ရှိအားလုံးသည် ဆဲလ် တခု သို့ တခုထက်မနည်းဖြင့် ဖွဲ့စည်းထားသည်။ ဆဲလ်အားလုံးသည် မူလတည်ရှိသည့် ဆဲလ်များမှ ခွဲထွက်လာသည်။ ဆဲလ်အားလုံးတွင် မျိုးဗီဇများပါဝင်သည်ဟု ဖော်ပြထားသည်။[3]
ဆဲလ်သည် သက်ရှိ ရုပ်စု အားလုံးတို့၏ ပုံပန်းသဏ္ဌာန် နှင့် လုပ်ဆောင်ချက်ရှိသော အငယ်ဆုံး သော အရာဖြစ်သည်။ ဆဲလ်သည် အငယ်ဆုံး သက်ရှိဖြစ်သောကြောင့် အသက်၏ အုတ်မြစ် ဟုလဲ ခေါ်ဆိုကြသည်။ ဘက်တီးရီးယား စသည့် အချိုသော သက်ရှိများမှာ ဆဲလ်တစ်ခုတည်းရှိသော သက်ရှိများ ဖြစ်ကြသည်။ လူ အပါအဝင် အခြား သက်ရှိတို့မှာ ဆဲလ်များစွာနှင့် ပေါင်းစုထားသော multicellular များဖြစ်ကြသည်။ လူတွင် ဆဲလ်ပေါင်း ၁၀၁၄ ပါရှိသည်ဟု တွက်ချက်ကြသည်။ ပုံမှန် ဆဲလ်တစ်ခု၏ အလေးချိန်မှာ ၁ နာနိူ ဂရမ်nanogram ရှိသည်။ အကြီးဆုံး ဆဲလ်မှာ မျိုးမပွားမှီ ငှက်ကုလားအုပ်၏ မျိုးဥ ဖြစ်သည်။
ဆဲသည် သက်ရှိရုပ်၏ အငယ်ဆုံးသော မူလအစိတ်အပိုင်း ဖြစ်သည်ဟု ဆိုရ၏။ အပင်နှင့် တိရစ္ဆာန်တို့တွင် ဆဲများရှိ၏။ အမီးဗား ကဲ့သို့သော တိရစ္ဆာန်နှင့် ဗက်တီးရီးယား ကဲ့သို့သော အပင်တို့တွင် ဆဲတစ်ခုတည်းသာလျှင် ရှိသည်။
အခြားအပင်နှင့် တိရစ္ဆာန်များတွင် ဆဲပေါင်းမြောက်မြားစွာ ဖွဲ့စည်းလျက်ရှိကြသည်။ လူတစ်ဦး၏ ခန္ဓာကိုယ်တွင် ဆဲလ် သန်းပေါင်းမြောက်မြားစွာရှိ၏။ ဆဲအများအပြားရှိသည့် တိရစ္ဆာန်နှင့်အပင်တို့တွင် ဆဲများသည် တစ်ရှုး (အသားမျှင်)ဖြစ်ရန် ပေါင်းစည်းလျက်ရှိကြသည်။
တစ်ဖန် တစ်ရှုးများသည် ဩဂင်(အင်္ဂါ)ဖြစ်ရန် ပေါင်းစည်းကြ ပြန်၏။ ဩဂင်ရှိ ဆဲများသည် တိရစ္ဆာန် သို့မဟုတ် အပင်၏ ခန္ဓာကိုယ်တွင် ကိစ္စအရပ်ရပ်ကို ဆောင်ရွက်ကြ၏။ ပမာအားဖြင့် အစာအိမ်ရှိဆဲများသည် အစားချေဖို့ ဆောင်ရွက်ကြရ၏။ သက်ရှိတို့၏ ဆဲအားလုံးသည် အစာနှင့် အောက်ဆီဂျင်ကို ယူ၍ အညစ်အကြေးကို ထုတ်ပစ်တတ်၏။ သက်ရှိပစ္စည်း၏ ဆဲတစ်ခုတွင် ဒြဗ်စင်အများအပြားနှင့် ဒြဗ်ပေါင်းအများအပြား ပါရှိသည်ကို သိကြ၏။ သို့ရာတွင် သန်းပေါင်းများစွာသော ထိုဒြဗ်ပေါင်းတို့၏ မော်လီကျူးများသည် မည်ကဲ့သို့ ဖွဲ့စည်း တည်ရှိကြပြီးလျှင် သက်ရှိပစ္စည်းများဖြစ်ကြသည်ကိုကား မသိကြရပေ။
ဆဲသည် အများအားဖြင့် ငယ်လွန်းသဖြင့် ရိုးရိုးမျက်စိဖြင့် မမြင်နိုင်ချေ။ ယင်းတို့ကို မိုက္ကရိုစကုပ်ဖြင့် ကြည့်ရပေသည်။ ပျမ်းမျှခြင်းအရ ဆဲကလေးပေါင်း ၄ဝဝဝ မျှကို ဘေးချင်းထိ၍ ထားလျှင် တစ်လက်မမျှသာ ရှိပေလိမ့်မည်။ အချို့ဆဲများသည် ထိုထက်ပင် ငယ်ကြသေး၏။ ပုံအမျိုးမျိုးလည်းရှိကြသည်။ အခြားဆဲများနှင့် ကင်းနေသည့်ဆဲများသည် အလုံးပုံသဏ္ဌာန်ရှိ ကြသည်။ အခြားဆဲများနှင့် သိပ်သည်းစွာရောနှောသော ဆဲများသည် ပြားလျက်ရှိကြသည်။ [4]