၂၀၀၉ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
From Wikipedia, the free encyclopedia
၂၀၀၉ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ၂၀၀၇ခုနှစ် ဒီဇင်ဘာ ၉ရက်မှ ၁၈ရက်အထိကျင်းပသော ၂၅ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ လာအိုနိုင်ငံသည် ပထမဆုံးအကြိမ်အဖြစ် လက်ခံကျင်းပခြင်း ဖြစ်သည်။ ထိုင်း၊ မြန်မာ၊ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဘရူနိုင်းနှင့် ဗီယက်နမ်တို့ပြီးနောက် နဝမမြောက် အိမ်ရှင်နိုင်ငံ ဖြစ်သည်။ ၁၉၆၅ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲတော်ကို လက်ခံကျင်းပရန် ရည်ရွယ်ခဲ့သော်လည်း ငွေကြေးအခြေအနေကြောင့် မလေးရှားအား ပေးခဲ့ရသည်။ သမ္မတ ချူမူလီဆိုင်ဆိုမှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။
ကျင်းပရာမြို့ | ဗီယင်ကျန်းမြို့ | ||
---|---|---|---|
ဆောင်ပုဒ် | Generosity Amity Healthy Lifestyle | ||
ပါဝင်သော နိုင်ငံများ | ၁၁ | ||
ပါဝင်ဆင်နွဲသော အားကစားသမားများ | ၃၁၀၀ | ||
ကစားပွဲအမျိုးအစား | ၃၇၂(၂၅မျိုး) | ||
ဖွင့်ပွဲအခမ်းအနား | ၉ ဒီဇင်ဘာ | ||
ပိတ်ပွဲအခမ်းအနား | ၁၈ ဒီဇင်ဘာ | ||
တရားဝင်ဖွင့်လှစ်ပေးခဲ့သူ | ချူမူလီဆိုင်ဆို (သမ္မတ) | ||
Athlete's Oath | Mayuly Phanouvong | ||
Judge's Oath | Somphone Manikham | ||
Torch Lighter | Phoxay Aphailath | ||
အဓိကအားကစားကွင်း | လာအို အမျိုးသားအားကစားကွင်း | ||
ဝက်ဘ်ဆိုဒ် | 2009 Southeast Asian Games | ||
|
ဆီးဂိမ်းပွဲ၏ နှစ် ၅၀ ပြည့်ဖြစ်ကာ နိုင်ငံ၁၁နိုင်ငံမှ အားကစားသမားပေါင်း ၃၁၀၀ခန့်က အားကစားနည်း ၂၅မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို လာအို အမျိုးသားအားကစားကွင်းသစ်တွင် ကျင်းပခဲ့သည်။ ထိုင်း၊ဗီယက်နမ်၊အင်ဒိုနီးရှားတို့က ပထမ၊ဒုတိယနှင့် တတိယ ရရှိခဲ့သည်။