အဘူဒါဘီမြို့
အဘူဒါဘီ / From Wikipedia, the free encyclopedia
အဘူဒါဘီမြို့ (Abu Dhabi) သည် အာရပ်စော်ဘွားများပြည်ထောင်စု ၏ မြို့တော်ဖြစ်သည်။ ပါရှန်းပင်လယ်ကွေ့ အနောက်အလယ်ပိုင်း ကမ်းခြေရှိ အင်္ဂလိပ်အက္ခရာ တီ (T) ပုံသဏ္ဌာန်ရှိ ကျွန်းကလေးတစ်ခုပေါ်တွင် တည်ရှိသည်။ အကျယ်အဝန်းအားဖြင့် ဧရိယာ စတုရန်းမိုင်ပေါင်း (၂၆,၀၀၀) (၆၇,၃၄၀ စတုရန်းကီလိုမီတာ) ရှိပြီး ၂၀၀၈ခုနှစ် သန်းခေါင်စာရင်းအရ ခန့်မှန်းခြေလူဦးရေ (၈သိန်း ၆သောင်း) ရှိသည်။ [5]
အချက်တိုများ အဘူဒါဘီ أَبُو ظَبْيٍ, နိုင်ငံ ...
အဘူဒါဘီ أَبُو ظَبْيٍ | |||||
---|---|---|---|---|---|
မြို့တော် နှင့် မတ်ထရိုပိုလစ် | |||||
From top, left to right: Abu Dhabi's skyline, Emirates Palace, Al Ras Al Akhdar, Sheikh Zayed Mosque, Ferrari World | |||||
| |||||
Location of Abu Dhabi within UAE | |||||
ကိုဩဒိနိတ်: 24°28′N 54°22′E | |||||
နိုင်ငံ | အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ | ||||
Emirate | Abu Dhabi | ||||
Municipal region | Central Capital District[1] | ||||
အစိုးရ | |||||
• အမျိုးအစား | Municipality | ||||
• General Manager of City Municipality | HE Saif Badr Al Qubaisi | ||||
ဧရိယာ | |||||
• စုစုပေါင်း | ၉၇၂ စတုရန်းကီလိုမီတာ (၃၇၅ စတုရန်းမိုင်) | ||||
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၂၇ မီတာ (၈၉ ပေ) | ||||
လူဦးရေ (2021)[2] [3] | |||||
• စုစုပေါင်း | ၁,၅၁၂,၀၀၀ | ||||
• သိပ်သည်းမှု | ၁၆၀၀/km၂ (၄၀၀၀/sq mi) | ||||
အချိန်ဇုန် | UAE Standard Time (UTC+4) | ||||
GDP PPP | 2014 estimate | ||||
စုစုပေါင်း | US$ 178 billion[4] | ||||
Per capita | US$ 61,000 | ||||
ဝက်ဘ်ဆိုဒ် | tamm.abudhabi |
ပိတ်ရန်
အဘူဒါဘီမြို့တော်သည် အာရပ်စော်ဘွားများပြည်ထောင်စု နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု နှင့် စက်မှုလုပ်ငန်းများ၏ ဗဟိုချက်မ ဖြစ်သည်။ ၂၀၀၈ခုနှစ်တွင် တစ်နိုင်ငံလုံး ဂျီဒီပီ၏ ၅၆.၇% ရှိသည်။ [6][7] အဘူဒါဘီမြို့သည် ကမ္ဘာ့ လူနေမှုစရိတ်အမြင့်မားဆုံးမြို့များစာရင်းတွင် အဆင့်(၂၆)ရှိသည်။ [8] ၂၀၀ရခုနှစ်တွင် ကမ္ဘာ့အချမ်းသာဆုံးမြို့အဖြစ် ဖော်ကျူးန်းမဂ္ဂဇင်း မှ ဖော်ပြခဲ့သည်။[9]