ဟီရိုရှီးမားမြို့
From Wikipedia, the free encyclopedia
ဟီရိုရှီးမားမြို့သည် ဂျပန်နိုင်ငံ ဟွန်းရှူးကျွန်းတောင်ဘက် ကမ်းခြေပေါ်တွင် တည်ရှိသော ဆိပ်ကမ်းမြို့ဖြစ်သည်။ အရှေ့မြောက်ဘက်နှင့် အနောက်မြောက်ဘက်တို့တွင် တောင်ကုန်းများခြံရံလျက် ရှိသည်။ ယွန်းထည်၊ ကြေးထည်နှင့် အလှအပကုန်ပစ္စည်းများ ထွက်၍ စက်မှုလုပ် ငန်းများလည်းထွန်းကားသည်။ ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်တို့ဘက်မှ ဗုံးကြဲတိုက်ခိုက်ခြင်းကို အနည်းငယ်မျှလောက် သာခံခဲ့ရသည်။ သို့ရာတွင် ၁၉၄၅ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့၌ အမေရိကန်လေတပ်သည် ဟီရိုရှီးမားမြို့ပေါ်တွင် အနုမြူဗုံးတစ်လုံးကို ဘီ-၂၉ ဗုံးကြဲလေယာဉ်မှ ပထမဦးဆုံးအကြိမ်ကြဲချခဲ့လေသည်။ ထိုအနုမြူဗုံးသည် မြို့လယ်အထက် ပေ ၁ဝဝဝခန့်အမြင့်တွင် ပေါက်ကွဲခဲ့ရာ ဗုံးပေါက်ကွဲမှုဒဏ်ကြောင့် တစ်မြို့လုံးနီးပါးမျှ မီးလောင်ပျက်စီးခဲ့ရလေသည်။ လူဦးရေ သုံးသိန်းလေးသောင်း ကျော်ရှိသည့်အနက် လူပေါင်းခု နစ်သောင်းရှစ်ထောင်ကျော် သေဆုံး၍ ငါးသောင်းကိုးထောင်ခန့်ဒဏ်ရာရရှိခဲ့ကြသည်။ ၁၉၄ရ ခုနှစ်မှစ၍ မြို့ကိုပြန်လည်ထူထောင်ခဲ့ကြသဖြင့် တဖြည်းဖြည်းအရောင်းအဝယ်စည် ကားလာပြီဖြစ်သည်။ ၁၉၆၅ ခုနှစ်တွင်လူဦးရေ ၅ဝ၄ဝဝဝ ယောက်ခန့် နေထိုင်လျက် ရှိသည်။[3]
ဟီရိုရှီးမား 広島市 | |||
---|---|---|---|
Designated city | |||
The City of Hiroshima[1] | |||
ဘယ်ဘက်အပေါ်၊ ဟီရိုရှီးမားရဲတိုက်၊ ဟီရိုရှီးမား မြူနီစပါယ် အားကစားကွင်းတွင် ကျင်းပသော ဟီရိုရှီးမားတိုယိုကာ့ပ်အသင်းပါဝင်သော ဘေ့စ်ဘောပြိုင်ပွဲ၊ ဟီရိုရှီးမားငြိမ်းချမ်းရေးအမှတ်တရ အဆောက်အဦး (Genbaku Dome)၊ Ebisu-cho၏ ညရှုခင်း၊ Shukkei-en (အာစားနော့ ပန်းခြံ) | |||
| |||
ဟီရိုရှီးမားပြည်နယ်ရှိ ဟီရိုရှီးမားမြို့တော် တည်နေရာ | |||
ကိုဩဒိနိတ်: 34°23′N 132°27′E | |||
Country | ဂျပန် | ||
ဒေသကြီး | Chūgoku (San'yō) | ||
ပြည်နယ် | ဟီရိုရှီးမားပြည်နယ် | ||
အစိုးရ | |||
• မြို့တော်ဝန် | Kazumi Matsui | ||
ဧရိယာ | |||
• Designated city | ၉၀၆.၆၈ စတုရန်းကီလိုမီတာ (၃၅၀.၀၇ စတုရန်းမိုင်) | ||
လူဦးရေ (June 1, 2019) | |||
• Designated city | ၁၁၉၉၃၉၁ | ||
• သိပ်သည်းမှု | ၁၃၀၀/km၂ (၃၄၀၀/sq mi) | ||
• မြို့ပြကြီး[2] (2015) | ၁၄၃၁၆၃၄ (၁၀th) | ||
အချိန်ဇုန် | ဂျပန်စံတော်ချိန် (UTC+9) | ||
မြို့အထိမ်းအမှတ်သစ်ပင် | ပရုတ်ပင် | ||
မြို့အထိမ်းအမှတ်ပန်း | နွယ်သာကီ | ||
ဖုန်းနံပါတ် | 082-245-2111 | ||
လိပ်စာ | 1-6-34 Kokutaiji, Naka-ku, Hiroshima-shi 730-8586 | ||
ဝက်ဘ်ဆိုဒ် | city.hiroshima.lg.jp |