မွမ်ဘိုင်းမြို့
From Wikipedia, the free encyclopedia
မွမ်ဘိုင်းမြို့ (/mʊmˈbaɪ/; Marathi: मुंबई, Mumbaī, IPA: [mʊmbaɪ])သည် အိန္ဒိယနိုင်ငံ၊ မဟာရရှ်တရာပြည်နယ်၏ မြို့တော် ဖြစ်သည်။၁၉၉၅ခုနှစ်အထိ ဘုံဘေမြို့ (သို့မဟုတ်) ဘုံဘိုင်မြို့(/bɒmˈbeɪ/)ဟု တရားဝင်အမည်ဖြစ်ခဲ့သည်။ ကုလသမဂ္ဂ၏၂၀၁၈ခုနှစ် စာရင်းများအရ လူဦးရေ ၂၀သန်းခန့်ရှိပြီး အိန္ဒိယနိုင်ငံ လူဦးရေ အထူထပ်အများပြားဆုံး မြို့တော်ဖြစ်သလို ကမ္ဘာ့ သတ္တမ လူဦးရေ အထူထပ်အများပြားဆုံး မြို့တော်လည်း ဖြစ်သည်။ [1] အိမ်နီးနားချင်းများဖြစ်သည့် နဗီမွမ်ဘိုင်း၊ သိမ် အစရှိသည့် မြို့ပြများနှင့် အတူတကွ ကမ္ဘာ့လူဦးရေ အထူထပ်အများပြားဆုံး ဒေသများထဲမှ တစ်ခုဖြစ်သည်။
မွမ်ဘိုင်းမြို့ Mumbai ဘုံဘေမြို့ ဘုံဘိုင်မြို့ | ||
---|---|---|
| ||
ကိုဩဒိနိတ်: 19.0759899°N 72.8773928°E / 19.0759899; 72.8773928 | ||
နိုင်ငံ | အိန္ဒိယ | |
ပြည်နယ် | မဟာရရှ်တရာပြည်နယ် | |
ဒေသ | ကွန်ကန် | |
စတင်တည်ထောင် | ၁၅၀၇ | |
အမည်ပေး | Mumbadevi | |
အစိုးရ | ||
• အမျိုးအစား | မြူနီစီပယ် ကော်ပိုရေးရှင်း | |
• အစိုးရအဖွဲ့ | Municipal Corporation of Greater Mumbai | |
• မြို့တော်ဝန် | Kishori Pednekar | |
ဧရိယာ | ||
• မြို့ပြ | ၆၀၃ စတုရန်းကီလိုမီတာ (၂၃၃ စတုရန်းမိုင်) | |
• မြို့ပြကြီး | ၄၃၅၅ စတုရန်းကီလိုမီတာ (၁၆၈၁.၅ စတုရန်းမိုင်) | |
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၁၄ မီတာ (၄၆ ပေ) | |
လူဦးရေ (၂၀၁၁) | ||
• မြို့ | ၁၂,၄၇၈,၄၄၇ | |
• အဆင့် | ၁ | |
• သိပ်သည်းမှု | ၂၁၀၀၀/km၂ (၅၄၀၀၀/sq mi) | |
• မြို့ပြကြီး | ၁၈,၄၁၄,၂၈၈ ၂၀,၇၄၈,၃၉၅ (Extended UA) | |
အချိန်ဇုန် | IST (UTC+5:30) | |
PINs | 400 001 မှ 400 107 | |
ဧရိယာကုဒ်(များ) | +91-22 | |
GDP (PPP) | $400 billion | |
HDI (၂၀၁၁) | 0.846 | |
ဝက်ဘ်ဆိုဒ် | mumbaicity.gov.in |
မွမ်ဘိုင်းသည် အိန္ဒိယနိုင်ငံ၏ အနောက်ဘက်ကမ်းရိုးတန်းတွင် တည်ရှိပြီး နက်ရှိုင်းသော သဘာဝ ဆိပ်ကမ်းတစ်ခုလည်း ရှိသည်။ မွမ်ဘိုင်းသည် အိန္ဒိယနိုင်ငံ၏ အကြွယ်ဝဆုံးမြို့ ဖြစ်သလို အာရှတောင်ပိုင်း၊ အနောက်ပိုင်းနှင့် အလယ်ပိုင်းရှိ ဂျီဒီပီ အမြင့်မားဆုံး မြို့တစ်ခုလည်း ဖြစ်သည်။