မောင်ထော်လေး (စစ်ကဲ)
From Wikipedia, the free encyclopedia
စစ်ကဲ မောင်ထော်လေး ( ခရစ် ၁၇၇၄ - ၁၈၆၇ ) သည် ကုန်းဘောင်ခေတ် မြန်မာဘုရင် ဘိုးတော်ဘုရား (ခေါ်) ဗဒုံမင်း (ခေါ်) ဘိုးတော်ဦးဝိုင်း နှင့် ဘကြီးတော်ဘုရား လက်ထက်တွင် "မင်းကျော်သီဟသူ" ဟူသော ရွှေဘွဲ့တော်ကို ချီးမြှင့်ခြင်းခံရသော မွန်လူမျိုး ဒလမြို့စားကြီး ဖြစ်ခဲ့ပြီး နောင်အခါ မော်လမြိုင်မြို့ စစ်ကဲ တရားသူကြီး အဖြစ်တာဝန် ထမ်းဆောင်ခဲ့သည်။
အချက်တိုများ စစ်ကဲ မောင်ထော်လေး, မွေးဖွား ...
စစ်ကဲ မောင်ထော်လေး | |
---|---|
စစ်ကဲ မောင်ထော်လေး | |
မွေးဖွား | ၁၇၇၄ ခုနှစ် မုတ္တမ၊ မြန်မာဘုရင့်နိုင်ငံတော် |
ကွယ်လွန် | ၁၈၆၇ ခုနှစ် (အသက် ၉၃ နှစ်) ဒလ (တွံတေး) မြို့၊ ဗြိတိသျှပိုင်အောက်မြန်မာပြည် |
အထိမ်းအမှတ်များ | စစ်ကဲမောင်ထော်လေး လမ်း (ယခု ဗိုလ်ဆွန်ပက်လမ်း) |
လူမျိုး | မွန်လူမျိုး |
အလုပ်အကိုင် | ဘုရင့်သစ္စာခံ တပ်မှူး |
အလုပ်ရှင် | ဘိုးတော်ဘုရား (ခေါ်) ဗဒုံမင်း နှင့် ဘကြီးတော်ဘုရား |
ကျော်ကြားမှုအရင်းခံ | ဒလမြို့စားကြီး မော်လမြိုင်မြို့ စစ်ကဲ တရားသူကြီး |
ဘွဲ့ | မင်းကျော်သီဟသူ (ကျော်ထင်သီဟသူ) |
ပိတ်ရန်
ရန်ကုန်မြို့တွင် ‘စစ်ကဲ’ အမည်နှင့် လမ်းနှစ်လမ်း ရှိခဲ့သည်။ တစ်လမ်းမှာ ပန်းဘဲတန်းမြို့နယ် ဆူးလေဘုရားလမ်းနှင့် ရွှေဘုံသာလမ်းကြားရှိ စစ်ကဲမောင်ထော်လေး လမ်း (ယခု ဗိုလ်ဆွန်ပက်လမ်း) ဖြစ်၍ နောက်တစ်လမ်းမှာ လသာမြို့နယ်ရှိ စစ်ကဲမောင်ခိုင်လမ်း (ယခု ဗိုလ်ရွဲလမ်း) ဖြစ်လေသည်။ ထိုလမ်းနှစ်လမ်းတို့ကို သမီးယောက်ဖ တော်စပ်ကြသည့် စစ်ကဲကြီး ဦးထော်လေးနှင့် စစ်ကဲကြီး ဦးခိုင်တို့ကို အစွဲပြုကာ အမည်ပေးခဲ့လေသည်။