ဘကြီးတော်(စစ်ကိုင်းမင်း)
ဆင်ဖြူများရှင်၊ နောင်တော်ကြီး / From Wikipedia, the free encyclopedia
ဘကြီးတော် မင်းတရား (ခရစ်နှစ် ၁၈၁၉-၁၈၃၇၊ မြန်မာသက္ကရာဇ် ၁၁၈၁-၁၁၉၉)သည် ကုန်းဘောင်မင်းဆက် (၁၁) ဆက်တွင် သတ္တမမြောက် ဘုရင် ဖြစ်သည်။ ဘိုးတော် (ဗဒုံမင်း) ၏ သားတော်ကြီး အိမ်ရှေ့ဥပရာဇာသတိုးမင်းစော၏ ပထမ အိမ်ရှေ့မိဖုရားမှ ဖွားမြင်သော သားတော်ကြီး ဖြစ်သည်။ ငယ်မည်မှာ မောင်စိန်ဖြစ်သည်။ ဖွားတော်မူစပင် စစ်ကိုင်းမြို့ ကို စားရသောကြောင့် စစ်ကိုင်းမင်းဟူ၍လည်းကောင်း၊ သာယာဝတီမင်း (ရွှေဘိုမင်း)၏ နောင်တော်ဖြစ်၍ နောင်တော်ကြီးမင်း ဟူ၍လည်းကောင်း၊ ရတနာပူရ (အင်းဝ) စတုတ္ထမြို့တည် မင်းတရား ဟူ၍လည်းကောင်း၊ ရွှေနန်းတော်၌ ဖလ်မှန်အများအပြား ထည့်သွင်းတည်ဆောင်ထားသဖြင့် ဖလ်နန်းရှင် ဟူ၍လည်းကောင်း၊ နန်းစံသက် (၁၈) နှစ်အတွင်း ဆင်ဖြူတော်များ ဆက်သခံရ၍ ဆင်ဖြူများရှင် ဟူ၍လည်းကောင်း ခေါ်တွင်ခဲ့သည်။ ဘကြီးတော် ဟူသောအမည်မှာ ပုဂံမင်းနှင့် မင်းတုန်းမင်းတို့၏ ဘကြီးတော်ဖြစ်၍ နောင်အခါတွင် ခေါ်တွင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံသမိုင်းတွင် ဘကြီးတော် အဖြစ်သာ ထင်ရှားလေသည်။ နန်းတက်ဘွဲ့အမည်မှာ သိရီ တြိဘဝနာဒိတျ ပဝရပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာဖြစ်သည်။
ဘကြီးတော် စစ်ကိုင်းမင်း | |||||
---|---|---|---|---|---|
ဘကြီးတော် (စစ်ကိုင်းမင်း) (ခရစ်နှစ် ၁၈၂၃) | |||||
မြန်မာဘုရင် ကုန်းဘောင်မင်းဆက် | |||||
နန်းသက် | ၅ ဇွန် ၁၈၁၉ – ၁၅ ဧပြီ ၁၈၃၇ | ||||
နန်းတက်ချိန် | ၇ ဇွန် ၁၈၁၉ | ||||
ရှေ့မင်းဆက် | ဘိုးတော်ဘုရား | ||||
Successor | သာယာဝတီမင်း | ||||
မွေးဖွား | မောင်စိန် ၂၃ ဇူလိုင် ၁၇၈၄ အမရပူရ | ||||
ကွယ်လွန် | ၁၅ အောက်တိုဘာ ၁၈၄၆ အမရပူရ | ||||
ထာဝရ အိပ်စက်ရာ နေရာ | အမရပူရ | ||||
ကြင်ရာတော် | ဆင်ဖြူရှင်မယ် နန်းမတော်မယ်နု | ||||
သားသမီးများ | သားငါးယောက်၊ သမီးငါးယောက် (စကြာမင်းသား အပါအဝင်) | ||||
| |||||
စံအိမ် | ကုန်းဘောင် | ||||
ခမည်းတော် | သတိုးမင်းစော | ||||
မယ်တော် | သီရိမဟာတိလောက ရတနာဒေဝီ (တောင်တွင်းကြီး မြို့စား မင်းသမီး) | ||||
ကိုးကွယ်မှု | ထေရဝါဒ |
ဘကြီးတော် ဘုရားသည် မြန်မာသက္ကရာဇ် ၁၁၄၆ ခု၊ ဝါခေါင်လဆန်း (၆) ရက်၊ သောကြာနေ့ (ခရစ်နှစ် ၂၃ ဇူလိုင် ၁၇၈၄)တွင် ဖွားမြင်တော် မူခဲ့သည်။ ဖွားမြင်စဉ်ကပင် ဘိုးတော် မင်းတရားကြီးက ချစ်မြတ်နိုးတော် မူလှသဖြင့် စစ်ကိုင်းမြို့ကို ပေးတော်မူသည်။ မြန်မာသက္ကရာဇ် ၁၁၆၄ ခုနှစ်တွင် ဘထွေးတော် ပြည်မင်း သီရိဓမ္မရာဇာ၏ သမီးတော်၊ ဘိုးတော် ဗဒုံမင်း၏ မြေးတော်ဖြစ်သည့် သီရိသူမာယာ စန္ဒာဒေဝီဘွဲ့ခံ ဆင်ဖြူရှင်မယ်နှင့် ထိမ်းမြားတော်မူသည်။