မန္တလေးမြို့
ကုန်းဘောင်ခေတ်မြန်မာမင်းတို့ နောက်ဆုံးနန်းစိုက်ခဲ့သောမြို့ / From Wikipedia, the free encyclopedia
မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၏မြို့တော်ဖြစ်သည်။ ၂၀၁၄ ခုနှစ် စာရင်းအရ လူဦးရေ ၁ ၂၂၅ ၅၅၃ ယောက် ရှိသည်။ စီးပွားရေးမြို့တော် ရန်ကုန်မြို့ မှ ၃၈၅မိုင် ကွာဝေး၍ ဧရာဝတီမြစ်၏ အရှေ့ဘက်တွင် တည်ရှိသည်။ ကုန်းဘောင်မင်းဆက် မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းနေပြည်တော် ဖြစ်ခဲ့သည်။ ယခုအခါ မြန်မာနိုင်ငံအထက်ပိုင်း မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်တို့၏ ရုံးစိုက်မြို့ဖြစ်သည်။ ရန်ကုန်မြို့ပြီးနောက် ဒုတိယအကြီးဆုံးသောမြို့ဖြစ်သည်။ မြန်မာနိုင်ငံ၏ အလယ်ဗဟိုတွင် တည်ရှိသကဲ့သို့ပင် မြန်မာ့ယဉ်ကျေးမှုတို့ စုဝေးရာ ဒေသလည်း ဖြစ်ပေသည်။ မန္တလေးမြို့သည် ခေတ် ၃ ခေတ်ပြောင်းခဲ့သော်လည်း ထင်ရှားလျက်ပင် ရှိပေသေးသည်။ နှစ် ၁ဝဝ အတောအတွင်းဝယ် မန္တလေးမြို့တွင် ဒုတိယကမ္ဘာစစ်ဒဏ်၊ မီးဘေးအန္တရာယ်များကို ခံရသောကြောင့် အပျက်အစီးရှိခဲ့သော်လည်း အသစ် ပြန်လည်ပျိုးထောင်နိုင်ခဲ့သည်။
မန္တလေးမြို့ | |
---|---|
တိုင်းဒေသကြီးမြို့တော် | |
အထက်မှစ၍: မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၊ မန္တလေးတောင်တဝိုက်ရှိ ယဉ်ကျေးမှုထိန်းသိမ်းရေးနယ်မြေများ၊ ဦးပိန်တံတား၊ ဈေးချိုတော်၊ မန္တလာသီရိ အားကစားကွင်း၊ မန္တလေး နန်းတော် | |
မြို့တည်နေရာ | |
ကိုဩဒိနိတ်: 21°58′59″N 96°05′04″E | |
နိုင်ငံ | မြန်မာ |
ဒေသ | မန္တလေးတိုင်းဒေသကြီး |
ခရိုင် | မန္တလေးခရိုင် |
အစိုးရ | |
• မြို့တော်ဝန် | ဦးကျော်ဆန်း |
ဧရိယာ[1] | |
• တိုင်းဒေသကြီးမြို့တော် | ၁၆၃.၈၄ စတုရန်းကီလိုမီတာ (၆၃.၂၆ စတုရန်းမိုင်) |
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၇၆.၂ မီတာ (၂၅၀[2] ပေ) |
လူဦးရေ (၂၀၁၄ သန်းခေါင်စာရင်း)[3][4][5] | |
• တိုင်းဒေသကြီးမြို့တော် | ၁,၂၂၅,၁၃၃ |
• သိပ်သည်းမှု | ၇၅၀၀/km၂ (၁၉၀၀၀/sq mi) |
• မြို့ပြကြီး | ၁,၀၂၂,၄၈၇ |
• လူမျိုးများ | ဗမာ၊ အိန္ဒိယ၊ တရုတ်၊ ရှမ်း |
• ကိုးကွယ်ယုံကြည်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ |
အချိန်ဇုန် | MST (UTC+6:30) |
ဧရိယာကုဒ်(များ) | 2 (mobile: 20,69, 90)[6] |
ဝက်ဘ်ဆိုဒ် | emandalay.gov.mm |
မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းနေပြည်တော် ဖြစ်ခဲ့သည့်အလျောက် ယဉ်ကျေးမှု အမွေအနှစ်များ အများအပြား ကျန်ရစ်ခဲ့သည်။