ဗီဂန်မြို့
From Wikipedia, the free encyclopedia
ဗီဂန်မြို့ (တမ်းပလိတ်:Lang-ilo; တဂ္ဂလော့: Lungsod ng Vigan; Local pronunciation: [ˈbigän]) သည် ဖိလစ်ပိုင်နိုင်ငံ၏ စတုတ္ထအဆင့် မြို့တစ်မြို့ဖြစ်ပြီး အီလိုကော့ ဆိုးပြည်နယ် (တောင် အီလိုကော့ ပြည်နယ်) ၏ မြို့တော်ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် ကောတ်ယူခဲ့သော သန်းခေါင်စာရင်းအရ မြို့တွင် လူဦးရေ ၅၃,၈၇၉ ဦး နေထိုင်ကြသည်။
ဗီဂန်မြို့ | ||
---|---|---|
Component | ||
City of Vigan | ||
Calle Crisologo | ||
| ||
ဆောင်ပုဒ်: Viva Vigan! | ||
Map of Ilocos Sur with ဗီဂန်မြို့ highlighted | ||
ဖိလစ်ပိုင်နိုင်ငံရှိ တည်နေရာ | ||
ကိုဩဒိနိတ်: 17°34′29″N 120°23′13″E | ||
နိုင်ငံ | ဖိလစ်ပိုင် | |
ဒေသ | Ilocos Region (Region I) | |
စီရင်စု | Ilocos Sur[*] | |
ခရိုင် | 1st District of Ilocos Sur | |
တည်ထောင် | 1572 | |
Cityhood | January 22, 2001 | |
Barangays | 39 (see Barangays) | |
အစိုးရ [1] | ||
• မြို့တော်ဝန် | Juan Carlo Singson Medina | |
• Electorate | ၃၄၀၈၃ voters | |
ဧရိယာ [2] | ||
• စုစုပေါင်း | ၂၅.၁၂ စတုရန်းကီလိုမီတာ (၉.၇၀ စတုရန်းမိုင်) | |
လူဦးရေ (အမှား။ မရေရာသော အချိန်။ သန်းခေါင်စာရင်း) | ||
• စုစုပေါင်း | ၅၃၉၃၅ | |
• သိပ်သည်းမှု | ၂၁၀၀/km၂ (၅၆၀၀/sq mi) | |
အချိန်ဇုန် | PST (UTC+8) | |
ZIP code | 2700 | |
PSGC | 012934000 | |
IDD : ဧရိယာကုဒ် | +63 (0)77 | |
ရာသီဥတု အမျိုးအစား | Tropical monsoon climate | |
Income class | 4th city income class | |
Revenue (₱) | ၆၀၄၃၃၄၂၀၃.၇၂ (၂၀၂၀) | |
ဒေသခံ ဘာသာစကားများ | Ilocano တဂ္ဂလော့ဘာသာစကား | |
ဝက်ဘ်ဆိုဒ် | vigancity.gov.ph | |
ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ | ||
တရားဝင်အမည် | Historic City of Vigan | |
ရွေးချယ်သည့် စံနှုန်း | ယဉ်ကျေးမှု: (ii), (iv) | |
ရည်ညွှန်း | 502rev | |
အကြီးဆုံးကျွန်းဖြစ်သော လူဇွန်းကျွန်း၏ အနောက်ဘက်ကမ်းရိုးတန်း တောင်တရုတ်ပင်လယ်တွင် တည်ရှိသည်။ ဗီဂန်မြို့သည် ဖိလစ်ပိုင်နိုင်ငံတွင် ရှေးဟောင်းအဆောက်အဦများ မပျက်မယွင်း ပကတိအတိုင်း တည်ရှိနေသည့် ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ ဖြစ်သည်။ မြို့၏ ကျော်ကြားလှသည့် အုတ်ကျောက်တို့ဖြင့် စီရီထားသော လူသွားစင်္ကြများ၊ ဒေသခံ ဖိလစ်ပိုင်နှင့် အရှေ့တိုင်းလက်ရာတို့ကို စပိန်ဗိသုကာလက်ရာတို့ဖြင့် ပေါင်းစပ်ထားသည့် ဖိလစ်ပိုင် ကိုလိုနီခေတ်လက်ရာများဖြစ်သော ဘာဟေး န ဘာတိုး ဟုခေါ်သည့် ကျောက်တုံးဖြင့် ဆောက်လုပ်ထားသော အိမ်များ၊ ငလျင်ဒဏ်ခံစားခဲ့ရသော ဘရို့စ် (Baroque) လက်ရာ ဘုရားကျောင်းတို့ဖြင့် ပြည့်နှက်၍ နေသော မြို့ဖြစ်သည်။ ဗီဂန်မြို့သည် ဆဌမမြောက် ဖိလစ်ပိုင် သမ္မတဖြစ်သူ အယ်ပီဒီရို ကွိရီနို၏ မွေးရပ်မြေလည်း ဖြစ်သည်။ ဗီဂန်မြို့သည် ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာဖြစ်ပြီး ကမ္ဘာ့အမွေအနှစ်မြို့များ အသင်း (OWHC) ၏ အဖွဲ့ဝင်လည်း ဖြစ်သည်။
၂၀၁၅ ခုနှစ် မေလတွင် ဗီဂန်မြို့သည် ဘေရွတ်မြို့၊ ဒိုဟာမြို့၊ ဒါဘန်မြို့၊ ဟာဗားနားမြို့၊ ကွာလာလမ်ပူမြို့နှင့် လာပက်မြို့တို့နှင့်အတူ New7Wonders Cities ထဲတွင် ထည့်သွင်း ဖော်ပြခြင်း ခံခဲ့ရသည်။[3] New7Wonders Foundation ၏ ဥက္ကဋ္ဌနှင့် တည်ထောင်သူ ဘာနဒ့် ဝီဘာသည် စိန့်ပေါလ် ကာသီဒရယ်တွင် အခမ်းအနားတစ်ခု ကျင်းပခဲ့ပြီး ဗီဂန်မြို့တော်ဝန် အဲဗာ ဂရေ့စ် ဆင်းဆွန် မဒီနာကို ကမ္ဘာ့အံ့ဖွယ်မြို့အဖြစ် သတ်မှတ်ခဲ့ခြင်းအတွက် အထိမ်းအမှတ် ကြေးပြားအား ပေးအပ်ခဲ့သည်။[4]