ဖလန်းပင်မြို့
အင်ဒိုနီးရှားနိုင်ငံ၊ တောင်ဆူမတြာပြည်နယ်၏ မြို့တော် / From Wikipedia, the free encyclopedia
ဖလန်းပင်မြို့ သည် အင်ဒိုနီးရှားနိုင်ငံ တောင်ဆူမတြာပြည်နယ်၏ မြို့တော် ဖြစ်သည်။ မြို့တော် ဧရိယာသည် ၄၀၀.၂၂ စတုရန်း ကီလိုမီတာ (၁၅၄.၅၃ စတုရန်းမိုင်) ကျယ်ဝန်းပြီး မူစီမြစ်၏ မြစ်ကမ်း နှစ်ဘက်စလုံးတွင် တည်ရှိကာ ဆူမတြာကျွန်း တောင်ပိုင်းရှိ အရှေ့ပိုင်းမြေနိမ့်ဒေသတွင် တည်ရှိသည်။ ၂၀၁၉ ခုနှစ်တွင် ခန့်မှန်းခြေ လူဦးရေ ၁,၈၃၄,၃၄၄ ဦး ရှိသည်။[4] ဖလန်းပင်မြို့သည် ဆူမတြာကျွန်းတွင် မယ်ဒန်မြို့ ပြီးလျှင် ဒုတိယမြောက် လူဦးရေ အများဆုံး ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံတွင် နဝမမြောက် လူဦးရေ အများဆုံး ဖြစ်ကာ အရှေ့တောင်အာရှတွင် ၁၉ ခုမြောက် လူဦးရေ အများဆုံး မြို့ ဖြစ်သည်။ ဖလန်းပင် မက်ထရိုပိုလစ်တန်ဒေသတွင် မြို့ပတ်လည်ရှိ ဘန်ယွာစင်းခရိုင်၊ အိုဂန် အီလာခရိုင် နှင့် အိုဂန် ကိုမယ်ရင်း အီလာခရိုင်အစရှိသော ခရိုင်များ၏ တစိတ်တဒေသပါဝင်ပြီး ၂၀၁၅ ခုနှစ်တွင် ခန့်မှန်းခြေ လူဦးရေ စုစုပေါင်း ၃.၅ သန်း ခန့် ရှိသည်။[5]
ဖလန်းပင်မြို့ Palembang | |
---|---|
ဒေသဆိုင်ရာမြို့တော် | |
Kota Palembang | |
Other transcription(s) | |
• Jawi | ڤلامبڠ |
• Chinese | 巨港 |
• Pinyin | Jù gǎng |
Clockwise from top: Ampera Bridge, Great Mosque of Palembang, Bukit Seguntang, Sriwijaya Kingdom Archaeological Park, Sultan Mahmud Badaruddin II Museum, | |
ကိုဩဒိနိတ်: 2°59′10″S 104°45′20″E | |
Country | အင်ဒိုနီးရှား |
Province | South Sumatra |
Settled (town) | 16 June 683 (Kedukan Bukit Inscription) |
Incorporated (city) | 1 April 1906 (Staatsblad 1906:126) |
အစိုးရ | |
• Mayor | Harnojoyo |
• Vice Mayor | Fitrianti Agustinda |
ဧရိယာ | |
• စုစုပေါင်း | ၃၆၉.၂၂ စတုရန်းကီလိုမီတာ (၁၄၂.၅၆ စတုရန်းမိုင်) |
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၈ မီတာ (၂၆ ပေ) |
လူဦးရေ (2016) | |
• စုစုပေါင်း | ၁၆၀၂၀၇၁ |
• သိပ်သည်းမှု | ၄၃၀၀/km၂ (၁၁၀၀၀/sq mi) |
Demonym(s) | Palembangnese |
Demographics | |
• Ethnic groups[1] | Malays Chinese Lampung Batak Sundanese Acehnese |
• Religion[2] | Islam 92.53% Buddhism 3.67% Protestant 2.23% Catholic 1.49% Hinduism 0.06% Confucianism 0.02%.[3] |
အချိန်ဇုန် | Indonesia Western Time (UTC+7) |
Postal code | 301xx, 302xx |
Area code | (+62) 711 |
ဝက်ဘ်ဆိုဒ် | palembang.go.id |