ပေကျင်းမြို့
From Wikipedia, the free encyclopedia
ပေကျင်းမြို့ (Beijing 北京) (နိုင်ငံခြားဘာသာဖြင့် အမည်ဟောင်း ပီကင်း) သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရုံးစိုက်ရာ မြို့တော်ဖြစ်ပြီး တရုတ်ပြည် မြောက်ပိုင်းတွင် တည်ရှိသည့် မြို့ပြကြီး တစ်ခုဖြစ်သည်။ ဗဟိုအစိုးရမှ တိုက်ရိုက် အုပ်ချုပ်သည့် မြို့ကြီးလည်းဖြစ်သည်။ ပေကျင်းမြို့သည် တရုတ်သမိုင်းတွင် အရေးပါသည့် ရှေးဟောင်းမြို့တော်ကြီး လေးမြို့တွင် ပါဝင်သည်။[2]
ပေကျင်းမြို့ 北京市 | |
---|---|
Municipality | |
Municipality of Beijing · | |
Clockwise from top: Beijing CBD skyline, Tiananmen, Temple of Heaven, National Center for the Performing Arts, and Beijing National Stadium | |
ပေကျင်းမြို့ တည်နေရာ | |
ကိုဩဒိနိတ်: 39°54′50″N 116°23′30″E | |
နိုင်ငံ | တရုတ် |
တည်ထောင်ချိန် | c. 473 BC |
Divisions[1] - County-level - Township-level | 16 districts, 2 counties 289 towns and villages |
အစိုးရ | |
• အမျိုးအစား | Municipality |
• CPC Ctte Secretary | Liu Qi |
• မြို့တော်ဝန် | Guo Jinlong |
ဧရိယာ(ranked 29th) | |
• Municipality | ၁၆၈၀၁.၂၅ စတုရန်းကီလိုမီတာ (၆၄၈၇�၀၀ စတုရန်းမိုင်) |
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၄၃.၅ မီတာ (၁၄၂.၇ ပေ) |
လူဦးရေ (2007) | |
• Municipality | ၁၇၄၃၀၀၀၀ |
• မြို့ပြကြီး | ၁၁၉၄၀၀၀၀ |
• Density rank | (၄th) |
(26th) | |
Demonym(s) | Beijinger |
အဓိက လူမျိုးများ | |
• ဟန်တရုတ် | 96% |
• မန်ချူး | 2% |
• ဟွေ့ | 2% |
• မွန်ဂို | 0.3% |
အချိန်ဇုန် | တရုတ်စံတော်ချိန် (UTC+8) |
စာပို့သင်္ကေတ | 100000 - 102629 |
ဧရိယာကုဒ်(များ) | 10 |
GDP | 2008 ခန့်မှန်း |
- Total | US$151.12 billion (nominal) US$283.92 billion (PPP) (10th) |
- Per capita | US$9,082 (nominal) US$17,063 (PPP) (2nd) |
HDI (2006) | 0.897 (2nd) |
License plate prefixes | 京A, C, E, F, H, J, K, L, M, N, P 京B (taxis) 京G, Y (outside urban area) 京O (police and authorities) 京V (in red color) (military headquarters, central government) |
City trees | Chinese arborvitae (Platycladus orientalis) |
Pagoda tree (Sophora japonica) | |
City flowers | China rose (Rosa chinensis) |
Chrysanthemum (Chrysanthemum morifolium) | |
ဝက်ဘ်ဆိုဒ် | www.beijing.gov.cn |
ပေကျင်းမြို့တွင် နေထိုင်သူ ၁၇ သန်းကျော်ရှိပြီး တရုတ်ပြည်တွင်း၌ ရှန်ဟိုင်းမြို့မှလွဲ၍ လူဦးရေ အများဆုံး မြို့ဖြစ်သည်။[3] ပေကျင်းမြို့တွင် ကုန်းကြောင်း၊ လေကြောင်း သယ်ယူပို့ဆောင်ရေး အဆင်ပြေသောကြောင့် တရုတ်ပြည်၏ လမ်းပန်းဆက်သွယ်ရေး ဆုံတာဖြစ်သည်။ တရုတ်ပြည်၏ နိုင်ငံရေး၊ ပညာရေးနှင့် ယဉ်ကျေးမှု အချက်အချာလည်း ဖြစ်သည်။ [3] ရှန်ဟိုင်းနှင့် ဟောင်ကောင်မှာမူ တရုတ်ပြည်၏ စီးပွားရေးနယ်ပယ်တွင် အခရာကျသည့် မြို့ကြီး ၂ မြို့ဖြစ်သည်။ [4][5][6]