ဂျာမန်အသံ
ဂျာမနီ လူထုအသံလွှင့် သတင်းဌာန / From Wikipedia, the free encyclopedia
Deutsche Welle (အသံထွက် – ဒွက်ရှာ ဗှယ်လာ) သို့မဟုတ် DW သည် ဂျာမနီနိုင်ငံမှ နိုင်ငံတကာသို့ ထုတ်လွှင့် အသံလွှင့် သတင်းဌာန ဖြစ်သည်။ နိုင်ငံတကာရှိ ပရိသတ်များသို့ ဦးတည် ထုတ်လွှင့်သည်။ သတင်းနှင့် သုတ နည်းပညာများကို လှိုင်းတို၊ အင်တာနက်နှင့် ဂြိုဟ်တုမှ ထုတ်လွှင့်သည့် ရေဒီယိုများကို ဘာသာစကား ၃၀ ဖြင့် ထုတ်လွှင့်သည်။ရုပ်မြင်သံကြား ထုတ်လွှင့်မှုကို ဘာသာစကား ၄ မျိုးဖြင့် ထုတ်လွှင့်သည်။ ဒွက်ရှာ ဗှယ်လာ ၏ အဓိပ္ပာယ်မှာ "ဂျာမန် အသံ" ဟု အဓိပ္ပာယ် ရသည်။ "မြန်မာ့အသံ" ကဲ့သို့သော အဓိပ္ပာယ်မျိုး ဖြစ်သည်။
ဘွန်းမြို့ ရှိ အဓိကရုံးဌာနချုပ် | |
အမျိုးအစား | International public broadcaster |
---|---|
နိုင်ငံ | ဂျာမနီနိုင်ငံ |
တည်ထောင်သည့်နှစ် | ၃ မေလ ၁၉၅၃ |
ဌာနချုပ် | ဘွန်းမြို့, ဂျာမနီနိုင်ငံ |
ထုတ်လွှင့်သည့် ဧရိယာ | ပြည်တွင်း နှင့် ကမ္ဘာတစ်ဝန်း |
စတင်ထုတ်လွှင့်သည့်ရက် | ၃ မေလ ၁၉၅၃ |
မိတ်ဖက်အဖွဲ့အစည်း | World Radio Network |
တရားဝင် ဝက်ဘ်ဆိုဒ် | dw.com |
DW ကို ၁၉၅၃ ခုနှစ် ကတည်းကပင် အသံလွှင့် လုပ်ကိုင်သည်။ ၂၀၀၃ ခုနှစ်ထိတိုင် ကိုလုန်းမြို့မှ ထုတ်လွှင့်ခြင်းဖြစ်ကာ နောက်ပိုင်းတွင် ဘွန်းမြို့ မှ ထုတ်လွှင့်သည်။ ရုပ်မြင်သံကြား အစီအစဉ်ကို ဘာလင်မြို့ မှ ထုတ်လွှင့်ကာ အင်တာနက် စာမျက်နှာများ စီစဉ် ရေးသားခြင်းကို ဘာလင်မြို့ နှင့် ဘွန်းမြို့ တို့မှ ထုတ်လုပ်သည်။