ဩစတြီးယားနိုင်ငံ
အလယ်ဥရောပနိုင်ငံ / From Wikipedia, the free encyclopedia
ဩစတြီးယားနိုင်ငံသည် ဥရောပအလယ်ပိုင်းမှ လူဦးရေ ၈.၃သန်းခန့်ရှိသော ကုန်းတွင်းပိတ်နိုင်ငံတစ်ခုဖြစ်သည်။ တရားဝင်အမည်မှာ ဩစတြီးယားသမ္မတနိုင်ငံ (Republic of Austria) ဖြစ်သည်။ မြောက်ဘက်တွင် ဂျာမနီ နှင့် ချက်သမ္မတနိုင်ငံ၊ အရှေ့ဘက်တွင် ဆလိုဗက်ကီးယားနိုင်ငံနှင့် ဟန်ဂေရီနိုင်ငံ၊ တောင်ဘက်တွင် ဆလိုဗေးနီးယားနိုင်ငံနှင့် အီတလီနိုင်ငံ၊ အနောက်ဘက်တွင် ဆွစ်ဇာလန်နိုင်ငံနှင့် လက်ချင်စတိန်းနိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည်။ ဧရိယာစတုရန်းကီလိုမီတာပေါင်း ၈၃၈၇၂ ရှိပြီး သမမျှတသောအပူချိန် နှင့် အယ်လ်ပိုင်းရာသီဥတုမျိုး ရှိသည်။ အယ်လ်ပ် တောင်တန်း ကြောင့် တောတောင်ထူထပ်သည်။ တိုင်းပြည်အကျယ်အဝန်း၏ ၃၂%မျှသာ မီတာ ၅၀၀ အောက်အနိမ့်ပိုင်းတွင် ရှိပြီး အမြင့်ဆုံးတောင်ထွတ်မှာ အမြင့် (၃၇၉၇)မီတာ ရှိသည်။ [9] လူဦးရေအများစုက ဂျာမန်ဘာသာစကားကို ပြောဆိုကြသည်။ [10] ဂျာမန်ဘာသာစကားသည် ဩစတြီးယား၏ တရားဝင် ရုံးသုံးဘာသာစကားလည်း ဖြစ်သည်။ [11] အခြား ရုံးသုံးဘာသာစကားများမှာ ခရိုအေးရှန်း၊ ဟန်ဂေရီ နှင့် ဆလိုဗင်း တို့ဖြစ်သည်။ [9]
ဩစတြီးယားသမ္မတနိုင်ငံ | |
---|---|
ဆောင်ပုဒ်: Land of Mountains, Land by the River | |
နိုင်ငံတော် သီချင်း:
| |
ဩစတြီးယားနိုင်ငံ၏ တည်နေရာ (အစိမ်းရင့်) – ဥရောပတိုက် အတွင်း (green နှင့် မီးခိုးရင့်) | |
မြို့တော် နှင့် အကြီးဆုံးမြို့ | ဗီယင်နာမြို့ 48°12′N 16°21′E |
ရုံးသုံးဘာသာစကား and အမျိုးသားဘာသာစကား | ဂျာမန်[a][b] |
အသိအမှတ်ပြုသော ဘာသာစကားများ | |
လူမျိုးစု (၂၀၁၂) |
|
ကိုးကွယ်မှု |
|
Demonym | Austrian |
အစိုးရ | ဖက်ဒရယ် ပါလီမန် သမ္မတနိုင်ငံ |
• သမ္မတ | အလက်ဇန်းဒါး ဗန် ဒါ ဘယ်လန် |
• အဓိပတိ | စီဘက်စတီးယန်း ကုဇ် |
• ဒုတိယအဓိပတိ | ဝါနာ ကိုဂ်လာ |
ဥပဒေပြုလွှတ်တော် | ပါလီမန် |
ဖက်ဒရယ်ကောင်စီ | |
အမျိုးသားကောင်စီ | |
တည်ထောင်ခြင်းသမိုင်း | |
• Margraviate of Austria | ၉၇၆ |
• Duchy of Austria | ၁၁၅၆ |
• Archduchy of Austria | ၁၄၅၃ |
• ဩစတီးယား အင်ပါယာ | ၁၈၀၄ |
• ဩစတီးယား-ဟန်ဂေရီ အင်ပါယာ | ၁၈၆၇ |
• ပထမသမ္မတနိုင်ငံ | ၁၉၁၈ |
• ဖက်ဒရယ်ပြည်ထောင်စု | ၁၉၃၄ |
• Anschluss | ၁၉၃၈ |
• ဒုတိယသမ္မတနိုင်ငံ | ၁၉၄၅ ခုနှစ်မှစ၍ |
• State Treaty in effect | ၁၉၅၅ ခုနှစ် ဇူလိုင်လ ၂၇ ရက် |
၁၉၅၅ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက် | |
၁၉၉၅ ခုနှစ် ဇန်နဝါရီလ ၁ ရက် | |
ဧရိယာ | |
• စုစုပေါင်း | ၈၃,၈၇၉ km2 (၃၂,၃၈၆ sq mi) (အဆင့်: ၁၁၃) |
• ရေထု (%) | ၀.၈၄ (၂၀၁၅ ခုနှစ်အရ)[4] |
လူဦးရေ | |
• အောက်တိုဘာ ၂၀၂၀ ခန့်မှန်း | ၈,၉၃၅,၁၁၂[5] (အဆင့် - ၉၇) |
• သိပ်သည်းမှု | ၁၀၆/km2 (၂၇၄.၅/sq mi) (အဆင့် - ၁၀၆) |
GDP (PPP) | ၂၀၁၈ ခန့်မှန်း |
• စုစုပေါင်း | $461.432 billion[6] |
• Per capita | $၅၁,၉၃၆[6] (အဆင့် - ၁၇) |
GDP (nominal) | ၂၀၁၉ ခန့်မှန်း |
• စုစုပေါင်း | $၄၄၆,၃၁၅ ဘီလီယံ[6] (အဆင့် - ၂၇) |
• Per capita | $၅၀,၂၇၇[6] (အဆင့် - ၁၅) |
Gini (၂၀၁၉) | 27.5[7] နိမ့် · ၁၄ |
HDI (၂၀၁၉) | ၀.၉၂၂[8] အလွန်မြင့် · ၁၈ |
ငွေကြေး | ယူရို (€)[c] (EUR) |
အချိန်ဇုန် | CET (UTC+1) |
• နွေရာသီ (DST) | CEST (UTC+2) |
ယာဉ်ကြောစနစ် | ညာ |
တယ်လီဖုန်းကုဒ် | +၄၃ |
Internet TLD | .at[d] |
|