အနုပညာ ဘာသာရပ်များ
ယဉ်ကျေးမှုအခြေခံ၍ လူသားတို့၏ စိတ်ကူးဉာဏ်စွမ်းဖြင့် ရသမျိုးစုံဖြစ်ပေါ်အောင် ဖန်တီးရသောပည / From Wikipedia, the free encyclopedia
အနုပညာ ဘာသာရပ်များဆိုသည်မှာ လူ့ယဉ်ကျေးမှုနှင့် လူ့အဖွဲ့အစည်းများ၌တွေ့ရှိရသော စိတ်ကူးဉာဏ်စွမ်းဖြင့် ရသမျိုးစုံဖြစ်ပေါ်အောင် ဖန်တီးခြင်းနှင့် သက်ဆိုင်သော သီအိုရီ၊ လက်တွေ့အသုံးချမှုနှင့် ရုပ်ပိုင်းဆိုင်ရာ ဖော်ပြချက်များကို ရည်ညွှန်းခြင်းဖြစ်သည်။ အဆိုပါပညာရပ်များသည် ကျွမ်းကျင်မှုများနှင့် စိတ်ကူးဉာဏ်ကောင်းများကို အသုံးချကာ အရာဝတ္ထုများ၊ လူမှုပတ်ဝန်းကျင်များနှင့် အတွေ့အကြုံများကို ဖြစ်ပေါ်လာစေသည်။
ဤ ဆောင်းပါး သို့မဟုတ် အပိုင်းသည် ချဲ့ကားရေးသားနေဆဲ သို့မဟုတ် အကြီးစား ပြန်လည်တည်းဖြတ်နေဆဲဖြစ်ပြီး သင်လည်း ပါဝင်ကူညီ ရေးသားနိုင်သည်။ အကယ်၍ ဤဆောင်းပါး သို့မဟုတ် အပိုင်းသည် ရက်အနည်းငယ်ကြာသည်အထိ ပြင်ဆင်ခြင်းမရှိပါက ဤတမ်းပလိတ်ကို ကျေးဇူးပြု၍ ဖယ်ရှားလိုက်ပါ။ အကယ်၍ သင်သည် ဤတမ်းပလိတ်ကို ထည့်သွင်းသူ ဖြစ်ပြီး တည်းဖြတ်နေဆဲဖြစ်ပါက တည်းဖြတ်မှု တစ်ခုနှင့် တစ်ခုအကြားတွင် ကျေးဇူးပြု၍ ဤတမ်းပလိတ်အား {{in use}} ဖြင့် အစားထိုးပါ။
ဤ ဆောင်းပါး အား InternetArchiveBot (ဆွေးနွေး | ပံ့ပိုး) မှ ၆ လ အကြာက နောက်ဆုံးပြင်ဆင်ခဲ့သည်။ (ရှင်းသန့်ရန်) |
အနုပညာ ဘာသာရပ်များခေါင်းစဉ်အောက်တွင် (ဗိသုကာပညာ၊ ကြွေထည်မြေထည်အတတ်(ceramics)၊ ပန်းချီ(drawing and painting)၊ ပန်းပု၊ ရုပ်ရှင်ရိုက်ကူးခြင်းပညာ(filmmaking)၊ ဓာတ်ပုံပညာ(photography) တို့ ပါဝင်သော) အမြင်ဆိုင်ရာ အနုပညာများ၊ (ဝတ္ထု၊ ဇာတ်ညွှန်း၊ ကဗျာ၊ စကားပြေဖန်တီးခြင်းတို့ ပါဝင်သော) စာပေပညာရပ်များ၊ (အက၊ အဆို၊ ပြဇာတ်တို့ ပါဝင်သော) သရုပ်ဆောင်မှုဆိုင်ရာ ပညာရပ်များ၊ (ချက်ပြုတ်ခြင်း၊ ချောကလက်ပြုလုပ်ခြင်း၊ ဝိုင်ပြုလုပ်ခြင်းတို့ ပါဝင်သော) ချက်နည်းပြုတ်နည်းဆိုင်ရာ အတတ်ပညာများလည်း ပါဝင်သည်။