မီးသင့်ကျောက်
From Wikipedia, the free encyclopedia
မီးသင့်ကျောက် ဆိုသည်မှာ လက်တင်ဘာသာစကား မှ ignis ဆိုသော မီးဟူသော စကားလုံး သို့မဟုတ် magma မှစတင်ဖွဲ့စည်းဖြစ်ပေါ်လာသောကျောက်သည် အဓိကကျောက်ကြီးသုံးမျိုး အနက်တစ်ခုဖြစ်သည်။ အခြား ကျောက်မျိုးအစားများမှာ အနည်ကျကျောက် နှင့် အသွင်ပြောင်းကျောက် များဖြစ်သည်။ မီးသင့်ကျောက်များသည် ကျောက်ရေပူများ သို့မဟုတ် ချော်ရည် များ အေးခဲခြင်း နှင့် အခဲဖြစ်ပေါ်ခြင်းများမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ကျောက်ရည်ပူများသည် ဂြိုဟ်၏ ကြားလွှာ(အလယ်လွှာ) သို့မဟုတ် အပေါ်ခွံလွှာ၌ တည်ရှိနေသောကျောက်များ၏တစ်စိတ်တစ်ပိုင်းအရေပျော်ခြင်း မှဖြစ်ပေါ်လာခြင်းဖြစ်သည်။ ပုံမှန်အားဖြင့်အရည်ပျော်မှုသည်ဖြစ်စဉ် (၃) ခု မှ တစ်ခု (သို့) တစ်ခုထက်ပိုသောကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အပူချိန်တိုးလာခြင်း ၊ ဖိအား လျော့နည်းခြင်း (သို့) ဖွဲ့စည်းမှုပြောင်းလဲခြင်းတို့ကြောင့်ဖြစ်သည်။ ကျောက်အဖြစ်သို့ အခဲဖြစ်ပေါ်မှုသည်မြေမျက်နှာပြင်အောက်တွင် ခဲခဲ့လျှင် တိုးဝင်မီးသင့်ကျောက် သို့မဟုတ် မြေမျက်နှာပြင်ပေါ်တွင် ခဲခဲ့လျှင် တိုးထွက်မီးသင့်ကျောက် ဟုခေါ်ဆိုနိုင်သည်။ မီးသင့်ကျောက်များသည် ခရစ်စတယ်များဖြင့်ပုံဆောင်ခြင်းဖြင့် အစေ့ပုံသဏ္ဌာန်၊ ခရစ်စတယ်ပုံဆောင်ကျောက်များ သို့မဟုတ် ခရစ်စတယ်မပါဘဲဖြစ်ပေါ်ဖွဲ့စည်းလျှင် ဖန်ကဲ့သို့ ကျောက်သားများဖြစ်ေါ်ဖွဲ့စည်းနိုင်သည်။
မီးသင့်ကျောက်များသည် ဘူမိဗေဒဆိုင်ရာအခြေအနေအမျိုးမျိုးတွင်ဖြစ်ပေါ်နိုင်သည်။