အမျိုးသမီး
လူသား အမသတ္တဝါ / From Wikipedia, the free encyclopedia
"မိန်းမ"ကို ဤနေရာသို့ ညွှန်းသည်။ အိမ်ထောင်ဖက် အမျိုးသမီးအတွက် မယားကို ကြည့်ပါ။
အမျိုးသမီး သို့မဟုတ် မိန်းမ တစ်ဦးဆိုသည်မှာ လူသား အမသတ္တဝါတစ်ဦး ဖြစ်ပြီး လူပုဂ္ဂိုလ်တစ်ဦး၏ လိင်သက်သေခံတစ်ခု ဖြစ်သည်။[1] အရွယ်ရောက်ပြီး အမသတ္တဝါတစ်ဦးကို ရည်ညွှန်းပြီး ကလေး သို့မဟုတ် ဆယ်ကျော်သက်အရွယ်ကို ကောင်မလေး သို့မဟုတ် မိန်းကလေး ဟု သုံးသည်။ သို့သော်လည်း အမျိုးသမီး အသုံးအနှုန်းကို လူသားအမများအတွက် အသက်အရွယ်မရွေး သုံးစွဲတတ်ကြသည်။ (ဥပမာ "အမျိုးသမီး အခွင့်အရေး") အမျိုးသမီးများတွင် ပျိုဖော်ဝင်ချိန်မှ သွေးဆုံးချိန်အထိ မီးဖွားခြင်းကဲ့သို့သော သီးသန့်လိင်ဖြစ်တည်မှု ရှိသည်။