စက်ရုံ
ထုတ်ကုန်များအား ပြုလုပ်ရာ အဆောင်အဦ / From Wikipedia, the free encyclopedia
စက်ရုံ ဆိုသည်မှာ ကုန်ပစ္စည်းများကို စက်ပစ္စည်းများဖြင့်သော်လည်းကောင်း၊ လူအားဖြင့်သော်လည်းကောင်း၊ ထုတ်လုပ်ရာ အဆောက်အဦဖြစ်သည်။ ယနေ့ခေတ်ပေါ် စက်ရုံများတွင် ဂိုထောင်ကဲ့သို့ အဆောက်အဦများ ပါဝင်ကာ ယင်း ဂိုထောင်များတွင် စက်ယန္တရားကြီးများ တပ်ဆင်ထားကာ လိုင်းထုတ်လုပ်မှုပုံစံဖြင့်ထုတ်လုပ်သည်။ စက်ရုံတစ်ခုဖြစ်ပေါ်ရန် လုပ်သားအရင်းအနှီး၊ ငွေအရင်းအနှီး အစရှိသည်သို့လိုအပ်ပါသည်။ စက်ရုံတစ်ခု အတွက်မြေနေရာနှင့် ပတ်ဝန်းကျင်သည်လည်း အလွန်အရေးကြီးသည်။