Vanity Fair (ဝတ္ထု)
ဝီလျံမိတ်ပိသက္ကရေး ရေးသားသည့် ၁၈၄၈ ဝတ္ထု / From Wikipedia, the free encyclopedia
ဗနတီဖဲယားသည် ဝီလျံ မိတ်ပိ သက္ကရေး ရေးသားသော အင်္ဂလိပ် ဝတ္ထု ဖြစ်ကာ၊ နပိုလီယံစစ်ပွဲများ ဖြစ်နေစဉ်နှင့် ဖြစ်ပြီးနောက် သူတို့ သူငယ်ချင်းများနှင့် မိသားစုများအကြား ရှင်သန်ရသော ဘက်ကီရှာ့နှင့် အမယ်လျာ ဆက်လီတို့ ဘဝအကြောင်း ခြယ်မှုန်းထားသည်။ ပထမဆုံးကြိမ် ထုတ်ဝေသည်မှာ ၁၈၄၇ မှ ၁၈၄၈ ထိ လစဉ် အခန်းဆက်အဖြစ် ထုတ်ပြီး၊ စုစုပေါင်း ၁၉ တွဲ ရှိသည်။ အင်္ဂလိပ်လူမှုရေး ကောက်ကြောင်းများဟု ဒုစာတန်း ထိုးထားသည်။ ၁၉ ရာစု အစောပိုင်းက ဗြိတိသျှလူမှုရေးလောကကို သရော်လိုခြင်းဖြင့် ရေးသားသည်။ စာနှင့်တွဲပြီး သရုပ်ဖော်ပုံများစွာကို သက္ကရေးကိုယ်တိုင်ဆွဲ၍ ထည့်သွင်း ဖော်ပြသည်။ တတွဲတည်းပေါင်းချုပ် လုံးချင်းအနေဖြင့်မူ ၁၈၄၈ တွင် သူရဲကောင်းမရှိတဲ့ ဝတ္ထုတပုဒ်ဟု ဒုစာတန်းထိုးကာ ထုတ်ဝေသည်။ ထိုခေတ်တုန်းက သူရဲကောင်းဝါဒစာအုပ်များ မှိုလိုပေါက်နေရာ ၎င်းကို တိုက်ဖျက်လိုသော သဘောလည်း ပါသည်။[1]
Title page to the first issue of the Vanity Fair serial, whose canary-yellow colour became a Thackeray hallmark. Thackeray was also responsible for its illustrations. | |
စာရေးသူ | William Makepeace Thackeray |
---|---|
Working title | Pen and Pencil Sketches of English Society |
သရုပ်ဖော်သူ | William Makepeace Thackeray |
နိုင်ငံ | United Kingdom |
ဘာသာစကား | English |
အမျိုးအစား | satire, social criticism, deconstruction |
Set in | England, Low Countries, Madras, Rhineland; 1814–1832 |
ထုတ်ဝေသူ | Punch (serialised) Bradbury and Evans (bound edition) |
ထုတ်ဝေသည့်ရက် | January 1847 to July 1848 (serialised in 20 parts) |
မီဒီယာ အမျိုးအစား | |
စာမျက်နှာ | xvi,624 (1848 first edition) |
OCLC | 18798256 |
Dewey Decimal | 823.8 |
LC Class | PR5618 .A1 |
ယခင်စာအုပ် | Mrs. Perkins's Ball |
နောက်ထွက်စာအုပ် | The Book of Snobs |
စာသား | ဝီကီရင်းမြစ် ပေါ်ရှိ Vanity Fair |
ဇာတ်လမ်းမှာ ရုပ်သေးပြဇာတ်ထုပ်လို ဇာတ်ကွက်ဆင်ထားသည်။ ဝတ္ထုတွဲသည် ကျော်ကြားလှကာ၊ အကောင်းမြင် ဝေဖန်သုံးသပ်ကြသည်။ ယခုအခါ ဤဝတ္ထုကို ဂန္ထဝင်အဖြစ် မှတ်ယူလိုက်ပြီး၊ ရုပ်ရှင်၊ ရုပ်သံဇာတ်လမ်းတွဲ၊ အသံဝတ္ထုများအဖြစ် ပြန်လည်မှီငြမ်း ရိုက်ကူးကြသည်။ ၂၀၀၃ တွင် ဘီဘီစီ၏ ယူကေ အကြိုက်ဆုံးစာအုပ်များစာရင်း The Big Read တွင် နံပါတ် ၁၂၂ ချိတ်သည်။[2]