အိုင်းရင်းခရော့စ်
အိုင်စီဟုလူသိများသော မြန်မာ ရော့ခ်ဂီတ အဖွဲ့ / From Wikipedia, the free encyclopedia
အိုင်းရင်းခရော့စ် (အင်္ဂလိပ်: Iron Cross; အတိုကောက် အိုင်စီ[1]) သည် မြန်မာနိုင်ငံရှိ တီးဝိုင်းအဖွဲ့ ဖြစ်ပြီး လိဒ်ဂစ်တာသမား စောဘွဲ့မှူးမှ စတင်ဖွဲ့စည်းခဲ့သည်။ လက်ရှိ အဖွဲ့ဝင်များမှာ ချစ်စမ်းမောင် (လိဒ်ဂစ်တာ)၊ ခင်မောင်သန့် (ဘေ့စ်ဂစ်တာ)၊ ဗညားနိုင် (ကီးဘုတ်) နှင့် ခရမ်း (ဒရမ်) တို့ဖြစ်ကြသည်။[1] တီးဝိုင်းအဖွဲ့သည် အဆိုတော်များ၏ အခွေများအတွက် တီးခတ်ပေးခဲ့ပြီး ပင်တိုင်အဆိုတော်များမှာ လေးဖြူ၊ အငဲ၊ ဝိုင်ဝိုင်း၊ မျိုးကြီး တို့ဖြစ်သည်။
အချက်တိုများ အိုင်းရင်းခရော့စ်, ကိုယ်ရေး အချက်အလက်များ ...
အိုင်းရင်းခရော့စ် | |
---|---|
Iron Cross အဖွဲ့သားများ (၂၀၁၃ မေလ) | |
ကိုယ်ရေး အချက်အလက်များ | |
အခြားအမည်များ | အိုင်စီ |
မူလတိုင်းပြည် | ရန်ကုန်မြို့ |
ဂီတဟန် | ရော့ခ် |
တက်ကြွသည့်နှစ်များ | ၁၉၈၉–လက်ရှိ |
ပူးတွဲ ပါဝင်မှု | လေးဖြူ၊ မျိုးကြီး၊ အငဲ၊ ဝိုင်ဝိုင်း |
လက်ရှိအဖွဲ့ဝင်များ |
|
အဖွဲ့ဝင်ဟောင်းများ |
ပိတ်ရန်