တောင်ကိုရီးယားနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အထိမ်းအမှတ်တံဆိပ် / From Wikipedia, the free encyclopedia
တောင်ကိုရီးယားနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် (ဟန်းဂု: 대한민국의 국장 / ဟန်းဂျ: 大韓民國의 國章)သည် နိုင်ငံတော်အလံတွင် ပါဝင်သော တေးဂု အမှတ်အသားကို ပဉ္စဂံပုံစံ ပွင့်ချပ်နှင့် ဖဲပွင့်တို့က ဝန်းရံထားကာ ဖဲပွင့်ပေါ်တွင် ကိုရီးယားသမ္မတနိုင်ငံ၏ တရားဝင်အမည်ဖြစ်သော (Daehan Minguk)ကို ဟန်းဂုဘာသာဖြင့် ရေးသားထားသည်။တေးဂုသည် ငြိမ်းချမ်းခြင်းနှင့် သယံဇာတကြွယ်ဝခြင်းကို ဖော်ပြသည်။ပွင့်ချပ်၅ခုမှာ တောင်ကိုရီးယား၏ အထိမ်းအမှတ်ပန်းဖြစ်သော ခေါင်ရမ်းပန်းနှင့် ဆက်စပ်နေသည်။ဤအထိမ်းအမှတ်တံဆိပ်ကို ၁၉၆၃ခုနှစ်တွင် စတင်အသုံးပြုခဲ့သည်။[1]
အချက်တိုများ တောင်ကိုရီးယားနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်, အသေးစိတ် အချက်အလက်များ ...
တောင်ကိုရီးယားနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် | |
---|---|
အသေးစိတ် အချက်အလက်များ | |
အသုံးပြုသူ | ကိုရီးယားသမ္မတနိုင်ငံ |
စတင်အသုံးပြုခြင်း | ၁၉၆၃ (၁၉၉၇တွင် ပြုပြင်) |
ဆောင်ပုဒ် | 대한민국 |
ပိတ်ရန်