၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း
From Wikipedia, the free encyclopedia
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံ၌ အာဏာသိမ်းယူမှုဖြစ်ပွားခဲ့သည်။ မနက်ပိုင်းအချိန်တွင် တပ်မတော်သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်အပါအဝင် အခြားသောပါတီဝင်များကို ဖမ်းဆီးခဲ့သည်။[10][11] ထို့နောက် ယာယီသမ္မတဦးမြင့်ဆွေသည် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ(ကာလုံ)အစည်းအဝေး ခေါ်ယူကာ နိုင်ငံတော်အရေးပေါ်အခြေအနေကို ကြေညာခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ အာဏာလွှဲပြောင်းခဲ့သည်။[12][13][14] အာဏာသိမ်းယူမှု ဖြစ်ပွားပြီး မကြာမီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဝေါ်ကီတော်ကီပိုင်ဆိုင်မှုဖြင့်လည်းကောင်း၊ ဦးဝင်းမြင့်ကို ကိုဗစ်ကာလ၌ ကျန်းမာရေးထုတ်ပြန်ချက်များကို မလိုက်နာခြင်းကြောင့်ဟု စွပ်စွဲ၍ လည်းကောင်း တရားစွဲဆိုခဲ့သည်။[15][16][17][18] ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အားလည်း ကျန်းမာရေးဆိုင်ရာထုတ်ပြန်ချက်များကို မလိုက်နာခြင်းကြောင့်ဟု စွပ်စွဲကာ ထပ်မံတရားစွဲခဲ့ပြန်သည်။[19]၂၀၂၁ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ထိ စစ်အစိုးရအားဆန့်ကျင်သူများအား အာဏာသိမ်းစစ်ကောင်စီမှ အကြမ်းဖက်ဖြိုခွင်းပစ်ခတ်ဖမ်းဆီးခြင်း ညှင်းပန်းနှိပ်စက်ခံရခြင်းတို့ကြောင့် သေဆုံးသူ ၉၂၀ ကျော်ရှိပြီး ဖမ်းဆီးခံရသူ၆၈၀၀ကျော်ရှိသည်ဟု AAPP[20]နှင့် နိုင်ငံတကာသတင်းဌာနများနှင့် ပြည်တွင်းသတင်းဌာနများတွင်တွေ့ရသော်လည်း အာဏာသိမ်းစစ်ကောင်စီမှာငြင်းဆန်နေဆဲဖြစ်သည်။
| ||||||||||||||||||||||
စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြမှုများအား စစ်အစိုးရ၏ ဖြိုခွင်းမှုများကို တုံ့ပြန်သော အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ လက်နက်ကိုင် တော်လှန်ဆန့်ကျင်မှုများ နိုင်ငံအဝှမ်းတွင် ဖြစ်ပေါ်ခဲ့သည်။[21]
၂၀၂၂ ခုနှစ် မတ်လ ၂၉ ရက်နေ့အထိ ကလေးသူငယ်များအပါအဝင် အရပ်သား ၁,၇၁၉ ဦး သတ်ဖြတ်ခံခဲ့ရပြီး ၉,၉၈၄ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။[22] ၂၀၂၁ ခုနှစ် မတ်လအတွင်း ထင်ရှားသော NLD ပါဝင်ဝင် သုံးဦးမှာ ဖမ်းဆီးစစ်ဆေးခံနေရစဉ်အတွင်း သေဆုံးခဲ့သလို[23][24] ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ လေးဦးကိုလည်း စစ်အစိုးရက ကွပ်မျက်ခဲ့သည်။[25]
၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ကျရောက်သော မြန်မာနိုင်ငံ၏ ၇၆ ကြိမ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုသောအားဖြင့် အကျဉ်းသား ၉,၀၀၀ ကျော်အား လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့သည်။[26]