၂၀၁၇ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
From Wikipedia, the free encyclopedia
၂၀၁၇ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ၂၀၁၇ခုနှစ် ဩဂုတ် ၁၉ရက်မှ ၃၀ရက်အထိကျင်းပသော ၂၉ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံသည် ၁၉၆၅၊ ၁၉၇၁၊ ၁၉၇၇၊ ၁၉၈၉၊ ၂၀၀၁ပွဲတော်များကို အိမ်ရှင်အဖြစ် ၅ကြိမ်ကျင်းပခဲ့ပြီး ၂၀၁၁ခုနှစ်တွင် ဆဋ္ဌမအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ ဘုရင် မိုဟာမက် (၅) မှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။
အချက်တိုများ ကျင်းပရာမြို့, ဆောင်ပုဒ် ...
ကျင်းပရာမြို့ | ကွာလာလမ်ပူမြို့ | ||
---|---|---|---|
ဆောင်ပုဒ် | Rising Together (မလေး: Bangkit Bersama) | ||
ပါဝင်သော နိုင်ငံများ | ၁၁ | ||
ပါဝင်ဆင်နွဲသော အားကစားသမားများ | ၄၆၄၆ | ||
ကစားပွဲအမျိုးအစား | ၄၀၄ (၃၈မျိုး) | ||
ဖွင့်ပွဲအခမ်းအနား | ၁၉ ဩဂုတ် | ||
ပိတ်ပွဲအခမ်းအနား | ၃၀ ဩဂုတ်[1] | ||
တရားဝင်ဖွင့်လှစ်ပေးခဲ့သူ | King Muhammad V Yang di-Pertuan Agong | ||
Athlete's Oath | Nauraj Singh Randhawa | ||
Judge's Oath | Megat Zulkarnain Omardin | ||
Torch Lighter | Nur Dhabitah Sabri | ||
အဓိကအားကစားကွင်း | ဘူကစ်ဂျာလီ အမျိုးသားအားကစားကွင်း | ||
ဝက်ဘ်ဆိုဒ် | 2017 Southeast Asian Games | ||
|
ပိတ်ရန်
နိုင်ငံ၁၁နိုင်ငံမှ အားကစားသမားပေါင်း ၄၆၄၆ခန့်က အားကစားနည်း ၃၈မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို ဘူကစ်ဂျာလီ အမျိုးသားအားကစားကွင်းတွင် ကျင်းပခဲ့သည်။ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်တို့က ပထမ၊ဒုတိယနှင့် တတိယ ရရှိခဲ့သည်။