၂၀၁၇ ချီယာပတ်စ် ငလျင်
From Wikipedia, the free encyclopedia
၂၀၁၇ ချီယာပတ်စ် ငလျင် သည် စက်တင်ဘာလ ၇ ရက်နေ့တွင် ချီယာပတ်စ်ပြည်နယ်အနီး မက္ကဆီကိုကမ်းရိုးတမ်းတောင်ပိုင်း၌ ၂၃:၄၉ CDT အချိန်တွင် လှုပ်ခတ်သွားခဲ့သည်။ ငလျင်သည် ပြင်းအား ၈.၁ Mw ရှိပြီး Mercalli intensity အမြင့်ဆုံးအဆင့် IX (Violent) ဖြစ်ကာ ချီယာပတ်စ်ပြည်နယ်အနီး၊ တီဟွမ်တီပတ်ပင်လယ်ကွေ့ရှိ ပီဂျီဂျီယာပန်မြို့၏ တောင်ဘက် ၈၇ ကီလိုမီတာ (၅၄ မိုင်) အကွာတွင် ဖြစ်ပွားခဲ့သည်။[3][4]
UTC အချိန် | ?? |
---|---|
ရက်စွဲ * | ၇ စက်တင်ဘာ ၂၀၁၇ (၂၀၁၇-၀၉-၀၇) |
မူလ အချိန် * | 23:49:21 CDT |
အတိုင်းအတာ | ၈.၁ Mw |
အနက် | ၆၉.၇ km (၄၃.၃ mi) |
ငလျင်ဗဟို | 15.068°N 93.715°W / 15.068; -93.715 |
သက်ရောက်ဧရိယာ | မက္ကဆီကိုနိုင်ငံ၊ ဂွါတီမာလာနိုင်ငံ[1] |
အများဆုံးပြင်းအား | IX (Violent) |
ဆူနာမီ | Yes |
Foreshocks | ၁ |
Aftershocks | ၁,၈၀၆ [2] |
ထိခိုက်သေကြေမှုများ | ၉၈ ဦး သေဆုံး၊ ၃၀၀ ကျော် ဒဏ်ရာရ |
* Deprecated | See documentation. |
ငလျင်ကြောင့် မက္ကဆီကိုစီးတီးရှိ အဆောက်အဦအချို့ တုန်ခါခဲ့ပြီး လူအများအပြား အဆောက်အဦများမှ စွန့်ခွာစေခဲ့သည်။ ထို့အပြင် ငလျင်ကြောင့် ၁.၇၅ မီတာ (၅ ပေ ၉ လက်မ) ရှိ ဆူနာမီလှိုင်းများ ဖြစ်ပေါ်ခဲ့ကာ အနီးပတ်ဝန်းကျင်တွင် ဆူနာမီ သတိပေးချက်များ ထုတ်ပြန်ခဲ့ရသည်။[5] ရာစုနှစ်အတွင်း မက္ကဆီကိုနိုင်ငံအတွက် အပြင်းထန်ဆုံး ငလျင်အဖြစ် မှတ်တမ်းဝင်ကြောင်း မက္ကဆီကိုသမ္မတက ပြောကြားခဲ့သည်။ ယင်းငလျင်သည် ပြင်းအားပမာဏ ၈.၆ ရှိ ၁၇၈၇ ငလျင်ပြီးနောက် မက္ကဆီကိုနိုင်ငံတွင် ဖြစ်ပွားခဲ့သော ဒုတိယအပြင်းထန်ဆုံး ငလျင် အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး[6] ၂၀၁၇ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးအနေဖြင့် အကြီးမားဆုံးငလျင် ဖြစ်သည်။[7]