၂၀၁၀ အာရှ အားကစားပြိုင်ပွဲ
၁၆ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ / From Wikipedia, the free encyclopedia
၂၀၁၀ အာရှ အားကစားပြိုင်ပွဲ(တရုတ်: 第十六届亚洲运动会; ပင်ယင်: Dì Shíliù Jiè Yàzhōu Yùndònghuì) သည် တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့တွင် ၂၀၁၀ခုနှစ် နိုဝင်ဘာလ ၁၂ရက်မှ ၂၇ရက်နေ့အထိ ကျင်းပသော ၁၆ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲဖြစ်သည်။နိုဝင်ဘာ ၇ရက်နေ့ကပင် အားကစားပြိုင်ပွဲအချို့ကို ကျင်းပခဲ့သည်။
ကျင်းပရာမြို့ | ကွမ်ကျိုးမြို့ | ||
---|---|---|---|
ဆောင်ပုဒ် | Thrilling Games, Harmonious Asia (တရုတ်: 激情盛会,和谐亚洲) (Jīqíng shènghuì, héxié yàzhōu) | ||
ပါဝင်သော နိုင်ငံများ | ၄၅ | ||
ပါဝင်ဆင်နွဲသော အားကစားသမားများ | ၉၇၀၄ | ||
ကစားပွဲအမျိုးအစား | ၄၇၆ (၄၂နည်း) | ||
ဖွင့်ပွဲအခမ်းအနား | ၁၂ နိုဝင်ဘာ | ||
ပိတ်ပွဲအခမ်းအနား | ၂၇ နိုဝင်ဘာ | ||
တရားဝင်ဖွင့်လှစ်ပေးခဲ့သူ | ဝမ်ကြားပေါင် ဝန်ကြီးချုပ် | ||
တရားဝင်ပိတ်သိမ်းပေးခဲ့သူ | Ahmad Al-Fahad Al-Sabah အာရှ အိုလံပစ်ကောင်စီ၏ ဥက္ကဋ္ဌ | ||
Athlete's Oath | Fu Haifeng | ||
Torch Lighter | He Chong | ||
အဓိကအားကစားကွင်း | Haixinsha Island | ||
ဝက်ဘ်ဆိုဒ် | gz2010.cn | ||
|
တရုတ်နိုင်ငံသည် ၁၉၉၀ ပေကျင်းပွဲတော်ကို ပထမဆုံးအကြိမ် လက်ခံကျင်းပခဲ့ပြီး ယခုအကြိမ်သည် ဒုတိယမြောက်ဖြစ်သည်။ကွမ်ကျိုးမြို့သည်လည်း ပေကျင်းမြို့ပြီးနောက် အာရှ အားကစားပွဲတော်ကို လက်ခံကျင်းပသည့် တရုတ်နိုင်ငံ၏ဒုတိယမြောက်မြို့ဖြစ်လာသည်။အဖွဲ့ဝင် နိုင်ငံအသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်သူ ၉၇၀၄ဦးရှိပြီး အားကစားနည်းပေါင်း ၄၂မျိုးမှ အားကစားပြိုင်ပွဲ ၄၇၆ပွဲ ကျင်းပခဲ့သည်။
အားကစားပွဲများကို ကွမ်ကျိုးမြို့၏ အနီးရှိ en:Dongguanဒွန်ဂွမ်, en:Foshanဖိုရှမ် and ရှမ်ဝေ မြို့၃မြို့တွင်လည်း ကျင်းပခဲ့သည်။ဝန်ကြီးချုပ် ဝမ်ကြားပေါင်မှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။ နေရာ ၅၃နေရာတွင် ကျင်းပခဲ့သည်။ အထိမ်းအမှတ်တံဆိပ်မှာ ကွမ်ကျိုးမြို့၏ ဒဏ္ဍာရီကို အခြေခံထားသည်။Yuexiuတောင်ပေါ်ရှိ ဆိတ်ငါးကောင် ကျောက်ရုပ်တု ကို ပုံဖော်ထားခြင်းမှာ အိမ်ရှင်မြို့၏ ကိုယ်စားပြုပုံဖြစ်သည်။[1]
ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားများကို ပုလဲမြစ်ကမ်းတစ်လျှောက်တွင် ပြုလုပ်ခဲ့ပြီး အာရှ အားကစားပြိုင်ပွဲ၏ သမိုင်းတွင် ဖွင့်ပွဲအခမ်းအနားကို အားကစားကွင်းအတွင်း မကျင်းပသည့် ပထမဆုံး ပြိုင်ပွဲ ဖြစ်လာသည်။ တရုတ်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံနှင့်ဂျပန်နိုင်ငံတို့မှ နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယရရှိခဲ့သည်။တရုတ်နိုင်ငံ အနေဖြင့် ရွှေတံဆိပ် ၁၉၉ခု ရရှိကာ စံချိန်သစ်တင်နိုင်ခဲ့သည်။[2] ကမ္ဘာ့စံချိန်၃ခု အာရှစံချိန် ၁၀၃ခုကို ချိုးနိုင်ခဲ့သည့် အားကစားပွဲ ဖြစ်သည်။[3]ကြက်တောင်ရိုက် အားကစားနည်းမှ ရွှေတံဆိပ်ဆုရှင် လင်ဒန်းသည် အကောင်းဆုံးကစားသမား (MVP)အဖြစ် ကြေညာခံခဲ့ရသည်။[4] အာရှ အိုလံပစ်ကောင်စီ ဥက္ကဋ္ဌမှ ၂၀၁၀ ကွမ်ကျိုးပွဲတော်ကို အကောင်းဆုံး အားကစားပွဲအဖြစ် မှတ်ချက်ချခဲ့သည်။ [5]