ဩဂုတ် ၂၁၊ ၂၀၁၇ နေကြတ်ခြင်း
အပြည့်အဝ နေကြတ်ခြင်း / From Wikipedia, the free encyclopedia
ဩဂုတ် ၂၁၊ ၂၀၁၇ (တနင်္လာနေ့) တွင် "Great American Eclipse" ဟု ရည်ညွှန်းလေ့ရှိသည့် အပြည့်အဝ နေကြတ်ခြင်း ဖြစ်စဉ် ဖြစ်ပွားခဲ့ကာ တဆက်တည်းဖြစ်သော အမေရိကန်ပြည်ထောင်စုတစ်ခုလုံးမှ တွေ့မြင်ခဲ့ရသည်။ ဖြစ်စဉ်သည် ပစိဖိတ်မှ အတ္တလန္တိတ်ကမ်းရိုးတန်းအထိ ဖြတ်သန်းသွားခြင်း ဖြစ်သည်။ အခြားနိုင်ငံများတွင်မူ တစ်စိတ်တစ်ပိုင်း နေကြတ်ခြင်းကိုသာ တွေ့မြင်ခဲ့ကြရသည်။[1][2]
ဩဂုတ် ၂၁၊ ၂၀၁၇ နေကြတ်ခြင်း | |
---|---|
မက်ရက်စ်မြို့၊ အိုရီဂွန်ပြည်နယ်မှ တွေ့မြင်ရစဉ် | |
နေကြတ်ခြင်း အမျိုးအစား | |
သဘာဝ | အပြည့်အဝ |
ဂမ်မာ | 0.4367 |
Magnitude | 1.0306 |
အပြည့်ကြတ်ခြင်း | |
ကြာမြင့်ချိန် | 160 စက္ကန့် (2 မိနစ် 40 စက္ကန့်) |
ကိုဩဒိနိတ် | 37°N 87.7°W / 37; -87.7 |
Max. width of band | ၁၁၅ km (၇၁ mi) |
အချိန် (UTC) | |
(P1) တစ်စိတ်တစ်ပိုင်းစတင် | 15:46:48 |
(U1) အပြည့်အဝစတင် | 16:48:32 |
အကြီးမားဆုံး နေကြတ်မှု | 18:26:40 |
(U4) အပြည့်အဝ ပြီးဆုံး | 20:01:35 |
(P4) တစ်စိတ်တစ်ပိုင်း ပြီးဆုံး | 21:04:19 |
ကိုးကား | |
Saros | 145 (22 of 77) |
Catalog # (SE5000) | 9546 |
လသည် ကမ္ဘာနှင့် နေအကြား ဖြတ်သန်းရောက်ရှိချိန်တွင် နေကြတ်ခြင်းဖြစ်စဉ် ဖြစ်ပွားပြီး ကမ္ဘာမြေမှ ကြည့်ရှုသူအနေဖြင့် လသည် နေလုံး၏ ပုံရိပ်အား တစ်စိတ်တစ်ပိုင်း သို့မဟုတ် အပြည့်အဝ ကာကွယ်သွားသည့် ပုံစံဖြင့် မြင်တွေ့ရသည်။ လ၏ ထင်မြင်ရသော အချင်းသည် နေထက် ကြီးမားသွားသည့်အခါတွင် အပြည့်အဝ နေကြတ်ခြင်း ဖြစ်ပေါ်ပြီး တိုက်ရိုက်နေရောင်ခြည်အားလုံးကို ပိတ်ဆို့လိုက်ပြီး နေ့အချိန်တွင် အမှောင်ကျခြင်းကို ဖြစ်ပေါ်စေသည်။ အပြည့်အဝကြတ်ခြင်းသည် ကမ္ဘာ့မျက်နှာပြင်ပေါ်တွင် ကျဉ်းမြောင်းသော လမ်းကြောင်းအနေဖြင့် ဖြတ်သန်းသွားပြီး တစ်စိတ်တစ်ပိုင်း နေကြတ်ခြင်းကို ကီလိုမီတာထောင်ပေါင်းများစွာ ကျယ်သော ပတ်ဝန်းကျင် ဒေသတစ်ဝိုက်တွင် တွေ့မြင်နိုင်သည်။
ဤကဲ့သို့ တဆက်တည်းဖြစ်သော အမေရိကန်ပြည်ထောင်စုတစ်ခုလုံးမှ တွေ့မြင်ရသည့် အပြည့်အဝ နေကြတ်ခြင်း ဖြစ်စဉ်သည် ဇွန် ၈၊ ၁၉၁၈ တွင် ဖြစ်ပေါ်ခဲ့ပြီး; ဖေဖော်ဝါရီ ၁၉၇၉ နေကြတ်ခြင်းသည် အပြည့်အဝကြတ်ခြင်းဖြစ်ပြီး အမေရိကန်ပြည်ထောင်စု တစ်နိုင်ငံလုံးမှ မြင်တွေ့ခဲ့ရသည်။[3] အပြည့်အဝ နေကြတ်ခြင်း လမ်းကြောင်းသည် ပြည်နယ် ၁၄ ခုတွင် ဖြစ်ပေါ်ခဲ့ပြီး တစ်စိတ်တစ်ပိုင်း နေကြတ်ခြင်းကိုမူ ပြည်နယ် ၅၀ အားလုံးမှ တွေ့မြင်ခဲ့ကြသည်။[3] အပြည့်အဝ နေကြတ်ခြင်း ဖြစ်ပေါ်သည့် ဧရိယာအများစုသည် သမုဒ္ဒရာဒေသဖြစ်သော်လည်း အမေရိကန် ပြည်ထောင်စု ဧရိယာ၏ ၁၆ % ခန့်သာ ဖြစ်သည်။[4] ဖြစ်စဉ်၏ အရိပ်ကျခြင်းသည် အိုရီဂွန်ပြည်နယ်ကမ်းရိုးတန်းတွင် တစ်စိတ်တစ်ပိုင်းကြတ်ခြင်းအနေဖြင့် 4:06 p.m UTC (9:06 a.m. PDT) အချိန်တွင် ကုန်းမြေတွင် စတင်ဖြစ်ပေါ်ခဲ့ပြီး တောင်ကယ်ရိုလိုင်းနားပြည်နယ်ကမ်းရိုးတန်း၌ 6:44 p.m. UTC (2:44 p.m. EDT) အချိန်တွင် ကုန်းမြေပေါ်တွင် တစ်စိတ်တစ်ပိုင်း နေကြတ်ခြင်း ဖြစ်စဉ်အနေဖြင့် အရိပ်ကျခြင်း ဖြစ်စဉ် ပြီးဆုံးခဲ့သည်။[3] ဟာဝိုင်ယီပြည်နယ်၊ ဟိုနိုလူလူမြို့တွင် တစ်စိတ်တစ်ပိုင်း နေကြတ်ခြင်းကို နေထွက်ချိန် 4:20 p.m. UTC (6:20 a.m. HST) တွင် စတင်တွေ့မြင်ခဲ့ရပြီး 5:25 p.m. UTC (7:25 a.m. HST) အချိန်တွင် ပြီးဆုံးသည်။[5]
ဤကဲ့သို့ နေအပြည့်အဝကြတ်ခြင်း ဖြစ်စဉ်သည် အမေရိကန်ပြည်ထောင်စုတွင် ဧပြီ ၂၀၂၄ (ပြည်နယ် ၁၂ ခု) နှင့် ဩဂုတ် ၂၀၄၅ (ပြည်နယ် ၁၀ ခု)၊ နှင့် အကွင်းပုံ နေကြတ်ခြင်းများ (လသည် နေလုံးထက် သေးငယ်သည်ဟု ထင်ရချိန်) သည် အောက်တိုဘာ ၂၀၂၃ (ပြည်နယ် ၉ ခု) နှင့် ဇွန် ၂၀၄၈ (ပြည်နယ် ၉ ခု) တို့တွင် ဖြစ်ပေါ်မည် ဖြစ်သည်။