ဧရိယာ
From Wikipedia, the free encyclopedia
ဧရိယာသည် ပမာဏတစ်ခုဖြစ်ပြီး နှစ်ဖက်မြင်ပုံ ( two-dimensional figure) သို့ ပုံသဏ္ဌာန်၊ သို့ ပြင်ညီရှိ planar lamina တို့၏ ပမာဏကို ဖော်ပြသည်။
ပုံတစ်ခု၏ ဧရိယာကို တိကျသောအရွယ်အစားရှိသည် စတုရန်းနှင့် နှိုင်းယှဉ်၍ တိုင်းတာနိုင်သည်။[1] အပြည်ပြည်ဆိုင်ရာယူနစ်စနစ် (SI) တွင် ဧရိယာ၏ စံယူနစ်မှာ စတုရန်းမီတာ (m2 ဟုရေးရသည်) ဖြစ်ပြီး ထိုစတုရန်း၏ဧရိယာကို ရရှိစေသော အနားတစ်ခုသည် ၁ မီတာ ရှည်သည်။[2] ၃ စတုရန်းမီတာ ဧရိယာရှိသော ပုံသဏ္ဍန်တစ်ခုသည် ထိုကဲ့သို့ပင် ၃ မီတာရှည်သော အနားရှိသည့် စတုရန်း၏ ဧရိယာနှင့် တူညီသောဧရိယာရှိမည်ဖြစ်သည်။ သင်္ချာပညာရပ်တွင် unit square ဆိုသည်မှာ ဧရိယာသည် ၁ ရှိရမည်ဖြစ်ပြီး အခြားသောပုံသဏ္ဌာန်များနှင့် မျက်နှာပြင်များသည် dimensionless real number များဖြစ်ကြသည်။
တြိဂံ၊ ထောင့်မှန်စတုဂံနှင့် စက်ဝိုင်းကဲ့သို့.ရိုးရှင်းသောပုံများအတွက် ဧရိယာရှာရန် ဆိုင်ရာပုံသေနည်းများကို သိရှိကြပြီးဖြစ်သည်။ ထိုပုံသေနည်းများကို အသုံးပြု၍ မည်သည့် ဗဟုဂံအတွက်မဆို ဧရိယာရှာရန် ဗဟုဂံအား တြိဂံများအဖြစ်သို့ ပိုင်းဖြတ်ခြင်းဖြင့် ရှာနိုင်သည်။[3] မျဉ်းကွေးများဖြင့် ပိုင်းခြားထားသောပုံများအတွက် ကဲကုလပ်ဖြင့် ထိုဧရိယာများကို တွက်ထုတ်ရန် လိုအပ်ပေသည်။ Indeed, အမှန်တော့ ထိုကဲ့သို့ တွက်ချက်နိုင်ခဲ့ခြင်းပင်လျှင် ကဲကုလပ်ဘာသာရပ်သမိုင်းအတွက် တိုးတက်ပြောင်းလဲမှုကြီးဖြစ်ခဲ့သည်။[4]