ဧရာဝတီမြစ်
်ိိပ၌မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် အရေးအပါဆုံးသော မြစ်ကြီးပကဂ အမအောဂဂဟါောပ် / From Wikipedia, the free encyclopedia
ဧရာဝတီမြစ် (အင်္ဂလိပ်: Ayeyarwaddy, Irrawaddy) သည် မြန်မာပြည်မြောက်ဖျားမှ တောင်ပိုင်းသို့ စီးဆင်းသော မြစ်ကြီးဖြစ်သည်။ ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ အကြီးဆုံး၊ အရှည်ဆုံးနှင့် အရေးအပါဆုံးသောမြစ်ကြီးလည်းဖြစ်သည်။ အင်န်မိုင်ခ(မေခ)နှင့် မလိခမြစ်နှစ်သွယ် ပေါင်းဆုံရာမှ ဖြစ်ပေါ်လာသော ဧရာဝတီမြစ်သည် အကြမ်းအားဖြင့် မြောက်မှတောင်သို့ အဖြောင့်နီးပါး သွယ်တန်းလျက်ရှိပြီး မြစ်ဝကျွန်းပေါ်ဒေသမှတဆင့် ကပ္ပလီပင်လယ်အတွင်းသို့ စီးဝင်သွားသည်။ ရေဆင်းဧရိယာ ၄၁၃,၀၀၀ စတုရန်းကီလိုမီတာရှိသည်။ အေဒီ (၆) ရာစုလောက်ကတည်းကပင် ကုန်စည်ကူးသန်းရေးအတွက် အသုံးပြုသောရေလမ်းတစ်ခုဖြစ်ခဲ့သည်။ ဗြိတိသျှကိုလိုနီခေတ်တွင် စိုက်ပျိုးရေးအတွက် ဆည်မြောင်းများ တည်ဆောက်ပြီး စိုက်ပျိုးရေးအတွက် အကျိုးရှိအောင် ပြုလုပ်ခဲ့သည်။ ယနေ့ခေတ်တွင်လည်း အသက်တမျှ အရေးပါနေဆဲ ဖြစ်သည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် ဆန်စပါးစိုက်ပျိုးရေးတွင် နာမည်ကြီးသောဒေသ ဖြစ်သည်။ ဧရာဝတီမြစ်၏ အထူးခြားဆုံးသော အရာမှာ မြစ်ညာဘက် ပိုင်း (မြစ်အထက်ပိုင်း)တွင် ဧရာဝတီလင်းပိုင်များ ကျက်စားနေထိုင်ခြင်း ဖြစ်သည်။ ယခုအခါ ရှားပါးသတ္တဝါဖြစ်သော ဧရာဝတီလင်းပိုင်ကို စောင့်ရှောက်ထိန်းသိမ်းရန် နှိုးဆော်လျက်ရှိသည်။
ဧရာဝတီမြစ် | |
ဧရာဝတီမြစ်အား ကောင်းကင်မှ တွေ့မြင်ရပုံ | |
နိုင်ငံ | မြန်မာနိုင်ငံ |
---|---|
ပြည်နယ် | ကချင် |
ဒေသများ | စစ်ကိုင်း, မန္တလေး, မကွေး, ပဲခူး, ဧရာဝတီ, ရန်ကုန် |
မြစ်လက်တက်များ | |
- ဘယ် | နမ့်ကောင် ခေါ် မိုးကောင်းချောင်း, မဲဇာမြစ်, မူးမြစ်, ချင်းတွင်းမြစ်, ယောချောင်း, ဆင်ဖြူကျွန်းချောင်း, မုန်းချောင်း, မန်းချောင်း, မင်းတုန်းချောင်း |
- ညာ | မိုးလယ်ချောင်း, တပိန်မြစ်, ရွှေလီမြစ်, မြစ်ငယ်မြစ် ခေါ် နမ္မတူမြစ် ခေါ် ဒုဋ္ဌဝတီမြစ်, ဇော်ဂျီမြစ်, ပန်းလောင်မြစ်, စမုန်မြစ်, ပင်းချောင်း, ဒေါင်းသေချောင်း, ယင်းချောင်း, နဝင်းချောင်း |
မြို့များ | မြစ်ကြီးနားမြို့, ဝိုင်းမော်မြို့, ဆင်ဘိုမြို့, ဗန်းမော်မြို့, ရွှေကူမြို့, ကသာမြို့, ထီးချိုင့်မြို့, တကောင်းမြို့, မလယ်မြို့, သပိတ်ကျင်းမြို့, ကျောက်မြောင်းမြို့, စဉ့်ကူးမြို့, မန္တလေးမြို့, စစ်ကိုင်းမြို့, ရွာသစ်ကြီးမြို့, ငါးဇွန်မြို့ |
ရင်းမြစ် | မလိခမြစ်[1] |
Secondary source | မေခမြစ် |
Source confluence | |
- တည်နေရာ | Damphet, ကချင်ပြည်နယ် |
- အမြင့် | ၁၄၇ m (၄၈၂ ft) |
မြစ်ဝ | ကပ္ပလီပင်လယ် |
- တည်နေရာ | Ale-ywa, ဧရာဝတီတိုင်းဒေသကြီး, မြန်မာနိုင်ငံ |
- အမြင့် | ၀ m (၀ ft) |
အရှည် | ၂,၂၁၀[2] km (၁,၃၇၃ mi) |
မြစ်ဝှမ်း | ၄၀၄,၂၀၀[3] km2 (၁၅၆,၀၆၂ sq mi) |
ရေစီးဝင်မှု | |
- ပျမ်းမျှ | ၁၃,၀၀၀ m3/s (၄၅၉,၀၉၁ cu ft/s) |
- အများဆုံး | ၃၂,၆၀၀ m3/s (၁,၁၅၁,၂၅၈ cu ft/s) |
- အနည်းဆုံး | ၂,၃၀၀ m3/s (၈၁,၂၂၄ cu ft/s) |