ဦးသန့်
ကမ္ဘာ့ကုလသမဂ္ဂတတိယမြောက်အထွေထွေအတွင်းရေးမှူးချုပ် / From Wikipedia, the free encyclopedia
မဟာသရေစည်သူ ဦးသန့် (၂၂ ဇန်နဝါရီ ၁၉၀၉ – ၂၅ နိုဝင်ဘာ ၁၉၇၄) သည် မြန်မာနိုင်ငံသား သံတမန်တစ်ဦးဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂ၏ တတိယမြောက် အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်ကာ ၁၉၆၁ မှ ၁၉၇၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ကုလသမဂ္ဂ၏ ဒုတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ် ဒက်ဟမ်းမားရှိုး ၁၉၆၁ ခုနှစ် စက်တင်ဘာလအတွင်း လေယာဉ်ပျက်ကျ သေဆုံးပြီးနောက်ပိုင်း ၎င်း၏ နေရာတွင် အရွေးချယ်ခံခဲ့ရခြင်း ဖြစ်ကာ အထွေထွေအတွင်းရေးမှူးချုပ်တာဝန်ကို ဥရောပသားမဟုတ်သူများထဲမှ ပထမဆုံးထမ်းဆောင်သူလည်း ဖြစ်သည်။ အာရှတွင် ပထမဦးဆုံး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်သည်။ ဦးသန့်အား ၎င်းမွေးဖွားရာ ပန်းတနော်မြို့ကို ရည်စူး၍ ပန်းတနော် ဦးသန့် ဟု အမည်တွင်ခဲ့သည်။အင်္ဂလိပ်လိုမှာ U Thant ဖြစ်သည်။ ဖြစ်သည်။
အချက်တိုများ မဟာသရေစည်သူဦး သန့်, တတိယမြောက် အထွေထွေ အတွင်းရေးမှူးချုပ် ...
သန့် | |
---|---|
ဦးသန့် (၁၉၆၃ ခုနှစ်) | |
တတိယမြောက် အထွေထွေ အတွင်းရေးမှူးချုပ် | |
တာဝန်သက်တမ်း ၃၀ နိုဝင်ဘာ ၁၉၆၁ – ၃၁ ဒီဇင်ဘာ ၁၉၇၁ | |
ယခင်လူ | ဒက်ဟမ်းမားရှိုး |
ဆက်ခံသူ | ကွတ်ဝေါလ်ဟိုင်း |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | (1909-01-22)၂၂ ဇန်နဝါရီ၊ ၁၉၀၉ ပန်းတနော်မြို့၊ ဗြိတိသျှဘားမား |
ကွယ်လွန် | ၂၅ နိုဝင်ဘာ၊ ၁၉၇၄(1974-11-25) (အသက် ၆၅) နယူးယောက်မြို့၊ အမေရိကန်ပြည်ထောင်စု |
ကွယ်လွန်ရသည့် အကြောင်းရင်း | အဆုတ်ကင်ဆာ |
သင်္ဂြိုဟ်ရာနေရာ | ရွှေတိဂုံဘုရား တောင်ဘက်မုခ်၊ ရန်ကုန်၊ မြန်မာ |
လူမျိုး | မြန်မာ |
ကြင်ဖော်(များ) | ဒေါ်သိန်းတင် (၁၉၈၉ ကွယ်လွန်) |
သွေးသားတော်စပ်သူ |
|
သားသမီး |
|
မိဘ | ဦးဖိုးနှစ် နှင့် ဒေါ်နန်းသောင် |
ကိုးကွယ်သည့်ဘာသာ | ဗုဒ္ဓဘာသာ |
လက်မှတ် |
ပိတ်ရန်