ဥက္ကာခဲ
From Wikipedia, the free encyclopedia
ဥက္ကာခဲ (အင်္ဂလိပ်: Meteoroid) ဆိုသည်မှာ အပြင်ဘက် အာကာသရှိ သေးငယ်သော ကျောက်ခဲ သို့မဟုတ် သတ္တုဆန်သော ကိုယ်ထည်ဖြစ်သည်။ ဥက္ကာခဲများသည် ဥက္ကာပျံများထက် သေးငယ်ပြီး စပါးစေ့ အရွယ်အစားမှ ၁ မီတာအရွယ်အစား ရှိကြသည်။ ဤအရွယ်အစားထက် ပိုသေးသောအရာများကိုမူ မိုက်ခရို ဥက္ကာခဲ သို့မဟုတ် ကြယ်ဖုန်မှုန်များအဖြစ် သတ်မှတ်သည်။[1][2][3] အများစုမှာ ကြယ်တံခွန် သို့မဟုတ် ဥက္ကာပျံများမှ အစိတ်အပိုင်းများဖြစ်ပြီး အခြားများမှာ လကမ္ဘာ သို့မဟုတ် အင်္ဂါဂြိုဟ်ကဲ့သို့သော ကိုယ်ထည်များနှင့် ထိတိုက်မိရာမှ လွင့်စဉ်လာသော အစိတ်အပိုင်းများဖြစ်သည်။[4][5][6] ဥက္ကာခဲများ ကမ္ဘာ့လေထုသို့ ဝင်လာသောအခါ အမြန်နှုန်းသည် တစ်စက္ကန့်လျင် ၂၀ ကီလိုမီတာဖြစ်လာပြီး ပူပြင်းလာကာ ကမ္ဘာ့ကောင်းကင်ယံ၌ ကြယ်ကြွေခြင်းအဖြစ် တွေ့ရသည်။ ကမ္ဘာ့လေထုထဲသို့ ဝင်လာပြီး မြေပြင်ပေါ်သို့ ကျရောက်လာသောအရာကိုမူ ဥက္ကာခဲမှုန် (Meteorite) ဟုခေါ်သည်။ ဥက္ကာခဲနှင့် အခြားသော အာကာသ ဖုန်မှုန်များ ခန့်မှန်းခြေ နှစ်စဉ် ၁၅၀၀၀ တန် ကမ္ဘာ့လေထုသို့ ဝင်ရောက်သည်။[7]