အီရန်နိုင်ငံ၏ ပထဝီဝင်
From Wikipedia, the free encyclopedia
ပထဝီအနေအထားအရ အီရန်နိုင်ငံသည် အနောက်အာရှတွင် တည်ရှိသောပြီး ကက်စပီယန်ပင်လယ်၊ ပါရှန်းပင်လယ်ကွေ့နှင့် အိုမန်ပင်လယ်ကွေ့ တို့နှင့် ထိစပ်နေသည်။ ၎င်း၏ တောင်များ အများအပြားသည် ရာစုနှစ်အများအပြားတို့၌ နိုင်ငံရေးနှင့် တိုင်းပြည်များ၏ စီးပွားရေးသမိုင်း နှစ်ဦးစလုံး ပုံဖော်ဖို့ရန် ကူညီပေးခဲ့ကြသည်။ တောင်တန်းကြီးတို့သည် အလွန်ကျယ်ပြန့်သော ချိုင့်ဝှမ်းကြီးများတွင် စိုက်ပျိုးမှုများနှင့် မြို့ပြများတည်ထားမှုကို ဝန်းရံထားလေသည်။ ၂၀ ရာစုထိတိုင် မြို့တစ်မြို့နှင့် တစ်မြို့ ဆက်သွယ်ပေးသော လမ်းများနှင့် မီးရထားလမ်းများအား တစ်ခုနှင့်တစ်ခု ခြားနေသော ထိုတောင်တန်းကြီးများကို အမှီသဟဲပြုကာ တည်ဆောက်ခဲ့ကြသည်။
အီရန်နိုင်ငံ၏ ပထဝီဝင် | |
---|---|
တိုက် | အာရှတိုက် |
ဒေသ | အနောက်အာရှ[1][2][3] |
ကိုဩဒိနိတ် | 32°00'N, 53°00'E |
ဧရိယာ | အဆင့် 17th |
• စုစုပေါင်း | ၁,၆၄၈,၁၉၅ km2 (၆၃၆,၃၇၂ sq mi) |
• ကုန်းမြေ | 99.27% |
• ရေထု | 0.73% |
ကမ်းရိုးတန်း | ၂,၄၄၀ km (၁,၅၂၀ mi) |
နယ်နိမိတ် | Total land borders: ၅,၈၉၄ km (၃,၆၆၂ mi) အာဖဂန်နစ္စတန်နိုင်ငံ: ၉၂၁ km (၅၇၂ mi) အာမေးနီးယားနိုင်ငံ: ၄၄ km (၂၇ mi) အဇာဘိုင်ဂျန်နိုင်ငံ (proper): ၄၃၂ km (၂၆၈ mi) အဇာဘိုင်ဂျန်နိုင်ငံ (Nakhchivan exclave): ၁၇၉ km (၁၁၁ mi) အီရတ်နိုင်ငံ: ၁,၅၉၉ km (၉၉၄ mi) ပါကစ္စတန်နိုင်ငံ: ၉၅၉ km (၅၉၆ mi) တူရကီနိုင်ငံ: ၅၃၄ km (၃၃၂ mi) တာ့ခ်မင်နစ္စတန်နိုင်ငံ: ၁,၁၄၈ km (၇၁၃ mi) |
အမြင့်ဆုံးအမှတ် | Mount Damavand ၅,၆၁၀ m (၁၈,၄၀၆ ft) |
အနိမ့်ဆုံးအမှတ် | Caspian Sea −၂၈ m (−၉၁.၉ ft) |
အရှည်ဆုံးမြစ် | Karun |
အကြီးဆုံးအိုင် | Lake Urmia |
ပုံမှန်အားဖြင့် ချိုင့်ဝှမ်းများတိုင်းတွင် မြို့တစ်မြို့စီ ရှိနေပြီး မြို့များနှင့် ရွာများအကြားတွင် အလွန်မှပင် ရှုပ်ထွေးနေသော စီးပွားကူးသန်းမှုများ ရှိနေသည်။ မြင့်မားသောတောင်တန်းကြီးများသည် ကျယ်ပြန့်လှသောချိုင့်ဝှမ်းများကို ဝန်းရံထားလေသည်။ ထိုနေရာဒေသများတွင် ရွာများတည်ရှိနေပြီး မျိုးနွယ်စုများသည် မိမိတို့၏သိုးဆိတ်များကို နွေရာသီနှင့် ဆောင်းရာသီများတွင် ရိုးရာအတိုင်း မွေးမြူကြလေသည်။ နိုင်ငံတွင်း မည်သည့်ကြီးမားသော မြစ်ဟူ၍မရှိပေ။ သမိုင်းတလျှောက်လုံးတွင် ၎င်းတို့၏ သယ်ယူပို့ဆောင်ရေးလုပ်ငန်းစဉ်များကို တောင်ပေါ်နှင့် တောင်ကြားများအကြားမှ လမ်းဖေါက်လုပ်ကာ လုပ်ဆောင်ကြပေသည်။ တောင်တန်းကြီးများသည်လည်း ပါးရှန်းပင်လယ်ကွေ့မှ ကစ်ပီယန်ပင်လယ်ကို အလွယ်တကူသွားလာနိုင်မှုကို တားဆီးပေးထားလေသည်။
အီရန်သည် ၁,၆၄၈,၀၀၀ စတုရန်း ကီလိုမီတာ (၆၃၆,၀၀၀ စတုရန်းမိုင်) ကျယ်ဝန်းပြီး ကမ္ဘာ့နိုင်ငံများအကြား ကျယ်ဝန်းမှုအရ အဆင့်(၁၈)တွင် ရှိပေသည်။ အီရန်သည် နိုင်ငံမြောက်ပိုင်းတွင် အာမေးနီးယားနိုင်ငံ၊ အဇာဘိုင်ဂျန်နိုင်ငံနှင့် တာ့ခ်မင်နစ္စတန်နိုင်ငံများဖြင့် နယ်မြေထိစပ်နေသလို ထိုသို့ထိစပ်နေသောအရှည်သည် ၂,၀၀၀ ကီလိုမီတာ (၁,၂၀၀ မိုင်) ထိ ရှည်လျားမှုရှိသည်။ ထို့ပြင် တောင်ဘက်ပိုင်းတွင် ကက်စပီယန်ပင်လယ်ကမ်းခြေသည် ၆၅၀ ကီလိုမီတာ (၄၀၀ မိုင်) ရှည်လျားသည်။ အီရန်၏အနောက်ဘက်ပိုင်း အိမ်နီးချင်းနိုင်ငံများမှာ မြောက်ဘက်ပိုင်းတွင် တူရကီနိုင်ငံ၊ တောင်ဘက်ပိုင်းတွင် အီရတ်နိုင်ငံဖြစ်ပြီး အွရ်ဝန်းဒ် ချောင်းထိ ဆက်စပ်မှုရှိပေသည်။
ပါးရှန်းပင်လယ်ကွေ့ကမ်းခြေနှင့် အိုမန်ပင်လယ်ကမ်းခြေအရှည်သည်၁,၇၇၀ ကီလိုမီတာ (၁,၁၀၀ မိုင်) ရှည်လျားပြီး နိုင်ငံ၏ တောင်ဘက်ပိုင်း ကမ်းရိုးတန်းဒေသများ ဖြစ်သည်။ နိုင်ငံ၏ အရှေ့ဘက်ပိုင်းမြောက်အရပ်တွင် အာဖဂန်နစ္စတန်နိုင်ငံနှင့် တောင်အရပ်တွင် ပါကစ္စတန်နိုင်ငံတို့နှင့် နယ်ချင်းဆက်နေသည်။ အီရန်နိုင်ငံ၏ ထောင့်ဖြတ်အကွာအဝေး ခန့်မှန်းခြေသည် အနောက်မြောက်အရပ် အာဇာဘိုင်ဂျန်မှ အရှေ့တောင်အရပ်ရှိ စစ်သားန်းပြည်နယ်နှင့် ဘလူဂျစ်တန်းပြည်နယ်ထိ ၂,၃၃၃ ကီလိုမီတာ (၁,၄၅၀ မိုင်) ရှည်လျားသည်။