အာဖဂန်နစ္စတန်နိုင်ငံ၏ အလံတော်
နိုင်ငံတော်အလံ / From Wikipedia, the free encyclopedia
အာဖဂန်နစ္စတန်နိုင်ငံ၏ အလံတော်(Dari: پرچم افغانستان,[1] Pashto: افغانستان توغ) သည် အလျားလိုက် သုံးရောင်ခြယ်အလယ်တွင် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်အား ထည့်သွင်းထားသည်။ လက်ရှိအလံကို ၂၀၁၃ ခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့တွင် အသုံးပြုခဲ့ခြင်းဖြစ်သော်လည်း ၂၀ ရာစုတစ်လျှောက်လုံးတွင် တူညီမှုရှိသော အလံဒီဇိုင်းများစွာအား အသုံးပြုခဲ့သည်။
အသုံးပြုခြင်း | နိုင်ငံတော်အလံ and ensign |
---|---|
အချိုးအစား | 2:3 |
ရွေးချယ်ခြင်း | ဩဂုတ် ၁၉၊ ၂၀၁၃; ၁၀ နှစ် အကြာက (၂၀၁၃-၀၈-19) |
ဒီဇိုင်း | အနက်၊ အနီနှင့် အစိမ်း ဒေါင့်လိုက် သုံးရောင်တွင် နိုင်ငံတော်တံဆိပ်ကို အနီရောင်အပိုင်းတွင် အဖြူရောင်ဖြင့်ဖော်ပြထားပြီး အနက်နှင့်အစိမ်းရောင်အပိုင်းတွင် အနည်းငယ်များ အစွန်းထွက်နေသည်။ |
အရောင်ပါသော အထိမ်းအမှတ်တံဆိပ်နှင့် အလံမူကွဲ |
အာဖဂန်နစ္စတန်နိုင်ငံတွင် ၁၇၀၉ ခုနှစ် ဟိုတက်မင်းဆက်စတင်တည်ထောင်ခဲ့စဉ်အချိန် ပထမဆုံးသော အလံအား အသုံးပြုစဉ်ကတည်းက ရေတွက်လျှင် အလံ ၂၅ ခုမျှ သုံးစွဲခဲ့သည်။ ၂၀ ရာစုအတွင်း၌ပင်လျှင် အာဖဂန်နစ္စတန်နိုင်ငံသည် နိုင်ငံတော်အလံ ၁၈ ခုမျှ ပြောင်းလဲအသုံးပြုခဲ့ပြီး ထိုအချိန်ကာလအတွင်း အခြားသောနိုင်ငံများထက် များပြားခဲ့သည်။[2][3] အလံအများစုသည် အနက်၊ အနီနှင့် အစိမ်းရောင်တို့ကို အသုံးပြုခဲ့သည်။ အာဖဂန်နစ္စတန်နိုင်ငံအလံသည် ဟေတီ၊ ဘိုလီးဗီးယား၊ ကော့စတာရီကာ၊ အယ်ဆာဗေဒို၊ အီကွေဒေါ၊ ဒိုမီနီကန်သမ္မတနှင့် ဗင်နီဇွဲလားနိုင်ငံအလံများကဲ့သို့ အလံတွင် နိုင်ငံအလံပုံကို ပြန်လည်ဖော်ပြထားသော အလံ ၈ ခုထဲမှ တစ်ခုဖြစ်သည်။[4] ဘိုလီးဗီးယား၊ ကမ္ဘောဒီးယား၊ ပေါ်တူဂီ၊ ဆန်မာရီနိုနှင့် စပိန်အလံများကဲ့သို့ အလံတွင် အဆောက်အဦပုံကို ထည့်သွင်းဖော်ပြသော အလံ ၆ ခုအနက်မှ တစ်ခုဖြစ်သည်။[5]