အာဖဂန်နစ္စတန်နိုင်ငံ
ဗဟို နှင့် တောင်အာရှ ကြားတွင် တည်ရှိသော နိုင်ငံ / From Wikipedia, the free encyclopedia
အာဖဂန်နစ္စတန်နိုင်ငံ၏ အမည်အပြည့်အစုံမှာ အာဖဂန်နစ္စတန် အစ္စလမ္မစ် သမ္မတနိုင်ငံ ဖြစ်သည်။ တောင်အာရှနှင့် ဗဟိုအာရှကြားရှိ တောင်ထူထပ်သော ကုန်းတွင်းပိတ်နိုင်ငံ တစ်ခုဖြစ်သည်။ [16] တောင်ဘက်နှင့် အရှေ့ဘက်တွင် ပါကစ္စတန်နိုင်ငံ၊ အနောက်ဘက်တွင် အီရန်နိုင်ငံ၊ မြောက်ဘက်တွင် တပ်မင်နစ္စတန်နိုင်ငံနှင့် ဥဇဘက်ကစ္စတန်နိုင်ငံ၊ အရှေ့မြောက်ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည်။ ရှေးက မာကိုပိုလို၏ ပိုးလမ်းမကြီး ဖြတ်သန်းရာ အစိပ်အပိုင်းတစ်ခုဖြစ်ခဲ့သည်။ ရှေးဟောင်းသုတေသန တူးဖော်တွေ့ရှိချက်များအရ ဘီစီ ၅၀,၀၀၀ ခန့်မှ စ၍ လူသားများ နေထိုင်ခဲ့ကြောင်း အထောက်အထားများ သိရှိရသည်။ [17] မြို့ပြတည်ထောင်ကာလူနေမှုစနစ်သည် ဘီစီ ၃၀၀၀ နှင့် ဘီစီ ၂၀၀၀ ကြားတွင် စတင်ခဲ့သည်ဟု ခန့်မှန်းရသည်။ [18]
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။(29 Jul 2021) |
အာဖဂန်နစ္စတန် အစ္စလာမ် သမ္မတနိုင်ငံ
| |
---|---|
ဆောင်ပုဒ်: لا إله إلا الله، محمد رسول الله "Lā ʾilāha ʾillā llāh, Muhammadun rasūlu llāh" "There is no God but Allah; Muhammad is the messenger of Allah." (Shahada) | |
မြို့တော် နှင့် အကြီးဆုံးမြို့ | ကဘူးလ်မြို့ 33°N 65°E |
ရုံးသုံးဘာသာ(များ) |
|
လူမျိုးစု |
|
ကိုးကွယ်မှု |
|
Demonym | Afghan[မှတ်စု 1][7][8] |
အစိုးရ | Unitary totalitarian[9] provisional theocratic Islamic emirate[10] |
Hibatullah Akhundzada | |
Abdul Kabir (ယာယီ) | |
Abdul Hakim Haqqani | |
ဥပဒေပြုလွှတ်တော် | အမျိုးသား လွှတ်တော် |
House of Elders | |
ပြည်သူ့ လွှတ်တော် | |
တည်ထောင်ခြင်း | |
• Hotak Empire | ၁၇၀၉ |
• Durrani Empire | ၁၇၄၇ |
• Emirate of Afghanistan | ၁၈၂၃ |
• Recognised | ၁၉ ဩဂုတ် ၁၉၁၉ |
• Kingdom of Afghanistan | ၉ ဇွန် ၁၉၂၆ |
• သမ္မတနိုင်ငံကြေညာခြင်း | ၁၇ ဇူလိုင် ၁၉၇၃ |
• လက်ရှိဖွဲ့စည်းပုံ | ၂၆ ဇန်နဝါရီ ၂၀၀၄ |
ဧရိယာ | |
• စုစုပေါင်း | ၆၅၂,၂၃၀[11] km2 (၂၅၁,၈၃၀ sq mi) (အဆင့်: ၄၀) |
• ရေထု (%) | မပြောပလောက် |
လူဦးရေ | |
• ၂၀၁၉ ခန့်မှန်း | ၃၂,၂၂၅,၅၆၀[12] (အဆင့် - ၄၄) |
• သိပ်သည်းမှု | ၄၆/km2 (၁၁၉.၁/sq mi) (အဆင့် - ၁၇၄) |
GDP (PPP) | ၂၀၁၈ ခန့်မှန်း |
• စုစုပေါင်း | $72.911 billion[13] (အဆင့် - ၉၆) |
• Per capita | $2,024[13] (အဆင့် - ၁၆၉) |
GDP (nominal) | ၂၀၁၈ ခန့်မှန်း |
• စုစုပေါင်း | $21.657 billion[13] (အဆင့် - ၁၁၁) |
• Per capita | $493[13] (အဆင့် - ၁၇၇) |
Gini (၂၀၀၈) | 27.8[14] နိမ့် · ၁ |
HDI (၂၀၁၉) | 0.511[15] နိမ့် · ၁၆၉ |
ငွေကြေး | Afghani (افغانی) (AFN) |
အချိန်ဇုန် | D† (UTC+4:30 Solar Calendar) |
ယာဉ်ကြောစနစ် | right |
တယ်လီဖုန်းကုဒ် | +93 |
Internet TLD | .af افغانستان. |
အာဖဂန်နစ္စတန်သည် အရှေ့အလယ်ပိုင်း၊ ဗဟိုအာရှနှင့် အိန္ဒိယနိုင်ငံတို့ကြားတွင် တည်ရှိပြီး ပထဝီနိုင်ငံရေးအရ အလွန်အရေးပါသောနိုင်ငံတစ်ခုဖြစ်သည်။ [19] သမိုင်းတစ်လျှောက်တွင် လူမျိုးစုံတို့နေထိုင်ခဲ့ကြသည်။ [20] ဂရိမှ မဟာအလက်ဇန္ဒား၊ မွန်ဂိုဘုရင် ဂျင်ဂစ်ခန် နှင့် မူဆလင် အာရပ်များ အာဖဂန်ဒေသကို အနိုင်ယူ အုပ်စိုးခဲ့ကြသည်။
[21]ခေတ်သစ်သမိုင်းသည် ၁၈ရာစုမှစတင်သည်။ ၁၇၀၉ခုနှစ်တွင် ဟိုတကီမင်းဆက် (Hotaki dynasty) ကိုတည်ထောင်ခဲ့ပြီး ၁၇၄၇ တွင် ဒါရန်နီအင်ပိုင်ယာ ကို အာမက်ရှားဒါရန်နီ က တည်ထောင်ခဲ့သည်။ [22][23][24] ၁၇၇၆ တွင် မြို့တော်ကို ကန်ဒါဟာမှ ကဘူးလ် သို့ပြောင်းရွှေ့ခဲ့သည်။ ၁၉ရာစုနှောင်းပိုင်းတွင် ဗြိတိသျှအိန္ဒိယအင်ပါယာနှင့် ရုရှားအင်ပါယာတို့ အားပြိုင်မှုကြားတွင် ကြားနေနိုင်ငံအဖြစ် တည်ရှိခဲ့သည်။ [25] အင်္ဂလိပ်-အာဖဂန် တတိယစစ်ပွဲအပြီး ၁၉၁၉ခုနှစ်၊ ဩဂုတ်လ(၁၉)ရက်နေ့တွင် ရာဝါလ်ပင်ဒီစာချုပ် (Treaty of Rawalpindi) ဖြင့် လွတ်လပ်ရေး ရခဲ့သည်။
၁၉၇၀နှောင်းပိုင်းမှစ၍ ပြည်ပနိုင်ငံများ၏ ဝင်ရောက် ကျူးကျော်ခြင်းများကို ဆက်တိုက်ခံနေရသည်။ ၁၉၇၉တွင် ဆိုဗီယက်တို့ ကျူးကျော်ပြီး၊ ၂၀၀၁ခုနှစ်တွင် အစွန်းရောက် တာလီဘန်အစိုးရကို ဖြုတ်ချရန် အမေရိကန်ဦးဆောင်သော နေတိုးတပ်များ၏ ဝင်ရောက် ကျူးကျော်ခြင်းခံခဲ့ရသည်။ ၂၀၀၁ခုနှစ်၊ ဒီဇင်ဘာလတွင် ကာဇိုင်းအစိုးရကို အကူအညီပေးရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ နိုင်ငံတကာအကူအညီပေးရေးနှင့်လုံခြုံရေးတပ်ဖွဲ့ (International Security Assistance Force (ISAF)) ကို တရားဝင်ဖွဲ့စည်းပေးခဲ့သည်။ [26] တာလီဘန်တို့ကို တိုက်ခိုက်နေရသောကြောင့် တိုင်းပြည်ဖွံ့ဖြိုးအောင် လုပ်ဆောင်ရာတွင် နှောင့်နှေးလျက် ရှိသည်။ [27][28]