အာခိလိ
From Wikipedia, the free encyclopedia
အာခိလိ (ရှေးဟောင်းဂရိ: Aχιλλεύς) သည် ဂရိဒဏ္ဍာရီလာ သူရဲကောင်းဖြစ်ပြီး ထရိုဂျန်စစ်ပွဲတွင် ပါဝင်သည်။ ဟိုးမား၏ ဣလိရော့ ကဗျာရှည်တွင် အဓိကဇာတ်ကောင်ဖြစ်သည်။
အာခိလိတကိုယ်လုံးတွင် သေနိုင်သည့်နေရာဟူ၍ ဖနောင့်သာ ရှိသည်။ သို့သော်လည်း ထိုနေရာသို့ ထိသည့် ဒဏ်ရာကြောင့်ပင် သေလေသည်။ ဤသည်ကိုစွဲ၍ တဦးတယောက်၏ အားပျော့မှတ်ကို နှောင်းလူတို့က အာခိလိဖနောင့်ဟု ခေါ်ကြသည်။