အလျား
From Wikipedia, the free encyclopedia
ဂျီဩမေတြီဆိုင်ရာ အတိုင်းအတာများတွင် အလျားသည် အရာဝတ္တု၏ အရှည်လျားဆုံး ဖြစ်သော အတိုင်းအတာဖြစ်သည်။ [1] "အလျား" သည် အရာဝတ္တု၏ တိုင်းတာ၍ရသော အတိုင်းအတာဖြစ်သည်။
အလျားကို အမြင့်(ထောင့်လိုက်ရှိသော အတိုင်းအတာပမာဏ)၊ အကျယ်၊ အနံ(အလျားနှင့် ထောင့်မှန်ကျစွာ အရာဝတ္တု၏ အစွန်းတဖက်မှ တဖက်သို့ တိုင်းတာသော အကွားအဝေး)တို့နှင့် ခွဲခြားသိမြင်ရန် လိုအပ်ပါသည်။ အလျားသည် dimension တစ်ခုကို တိုင်းတာပြီး ဧရိယာသည် dimensions နှစ်ခု (အလျား နှစ်ထပ်) နှင့် ထုထည်သည် dimension သုံးခု (အလျား သုံးထပ်) ကိုတိုင်းတာသည်။ အတိုင်းအတာစနစ်တွင် အလျား၏ ယူနစ်သည် အခြေခံယူနစ်ဖြစ်ပြီး ထိုမှအခြားယူနစ်များအား သတ်မှတ်ထားသည်။